အနောက်တောင် မုတ်သုန်လေ ၀င်ရောက်ပြီထင်၏။ အခုရက်ပိုင်းအတွင်း မိုးတွေ ဆက်တိုက် ရွာနေသည်။ မိုးရွာပြီဆိုတာနှင့် ထီးဘယ်တော့မှ မဆောင်တတ်သော၊ ထီးကိုင်းရမှာ အလွန်ပျင်းသော၊ ဆောင်ထား လျှင်လည်း မိုးတိတ်သည်နှင့် ထီးပျောက်တတ်သော ကျွန်တော် မောင်သူရိန်တစ်ယောက် ဒုက္ခရောက် တော့သည်။
သွားမယ်လာမယ် လုပ်ခါမှ မိုးက၀ုန်းကနဲရွာ . . .၊ အပြင်ထွက်ဖို့ ခက်ချေပြီ။ ရှိစေတော့ . . .။ ကိုယ်အပြစ်နဲ့ ကိုယ်ပဲ။ လိုအပ်ရင် ဆောင်ထားရမှာ ကိုယ့်တာဝန်ပဲ။ ဆောင်ထားရင်လည်း မပျောက်မရှအောင် ထိန်းသိမ်းရမှာ ကိုယ့်တာဝန်ပဲ မဟုတ်လား။ အင်း . . . ဒါပေမယ့် ရန်ကုန်မိုးက တစ်ခုကောင်း၏။ အခုရွာ အခုတိတ်၊ အကြာကြီး ရွာလေ့မရှိ။ အဲ...ဒါပေမယ့် မထင်မှတ်တဲ့အချိန် ရွာချင်လည်း ရွာနေတတ်ပြန်သည်။ သြော် . . ဒါကြောင့် ထင်ပါရဲ့၊ ရန်ကုန်သူနဲ့ ရန်ကုန်မိုး အစိုးမရတဲ့ . .
ကြားဘူးတာ ပြောတာပါ။ ဟုတ်မဟုတ်ကတော့ ရန်ကုန်သူများကိုသာ မေးကြည့်ပါခင်ဗျာ။
ငယ်ငယ်တုန်းကတော့ မိုးရွာလျှင် စိတ်ညစ်၏။ ပတ်ဝန်းကျင်က စွတ်စိုပြီး သွားလို့လာလို့ မကောင်း။ လည်လို့ ပတ်လို့မကောင်း။ ဒါကြောင့် အိမ်ထဲတွင် ခြေချုပ်မိတော့သည်။ ခြေထောက် ဗွေပါသော ကျွန်တော်ကား အိမ်ထဲ တွင် ကြာကြာမနေနိုင်။ အပြင်ထွက်ဖို့သာ ချောင်းနေတတ်သည်။ မိုးရွာထဲအပြင်ထွက် . . . မိုးရေစို အအေးမိ ဖျားတော့ မိဘတွေရဲ့ အဆူခံထိတော့သည်။ ဒီတော့ စိတ်ညစ်သည်ပေါ့။
အခုတော့ အသက်ကလေးပဲ ရလာလို့မသိ
လည်ဖို့၊ ပတ်ဖို့ စိတ်မ၀င်စားတော့၊ ရာသီဥတုကလည်း ပူလာ တော့ မိုးရွာဖို့ မျှော်လင့်မိသည်။ နောက်ထပ် မျှော်လင့်ရသည့် အကြောင်းတစ်ချက်ကတော့ ရှင်းပါသည်။ မိုးတွေ ရွာပြီဆိုလျှင် မီးတွေမှန်တော့မှာလေ။ ဘာဆိုင်လို့လဲလို့ မေးစရာရှိသည်။ မြေကြီးထဲတွင် သယံဇာတတွေပေါများ လှသော ကျွန်တော်တို့ နိုင်ငံကား ရေအားလျှပ်စစ်ကိုသာ အဓိက အားထားရသည် မဟုတ်လား။ မိုးရွာတော့ ဆည်ရေတွေ ရတော့မည်။ ရေအားလျှပ်စစ်စက်ရုံတွေ လည်ပတ်နိုင်တော့မည်။ လျှပ်စစ်ဓါတ်အားတွေ အချိန် ပြည့်ရတော့မည်ပေါ့။ အာလုံးလဲ မျှော်လင့်ကြတာပဲလေ။ 
မိုးစပြီဟေ့ ဆိုတာနဲ့ ကြောက်နေသူများကိုလည်း တွေ့ရသည်။ နာဂစ်ဒဏ် ခံခဲ့ရသူတွေပေါ့။ သြော် . . ကြောက်မယ်ဆိုလည်း ကြောက်စရာ . .၊ တစ်ခါသေဘူး ထားသည်ကိုး... ။ ပြီးခဲ့တဲ့ အပတ်က Bijli ဆိုတာကြီး ၀င်လာပြန်ပြီဆိုတော့ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသေး၏။ တစ်ချို့က ဆားတွေတောင် အချိန်မီ လှောင်ထားလိုက် သေးဆိုပဲ။ သြော် . . . စီးပွားရေးသမား တွေကတော့ အလွန်အမြင်ကျယ် ကြပေသည်။ ဘာသတင်းကြားလျှင် ဘာလုပ်သင့်သည် အချိန်ကိုက် လှုပ်ရှားတတ်ပေသည်။ ခေတ်စကားနှင့် ပြောရလျှင် အချိန်နှင့် တပြေးညီ ဆောင်ရွက်ကြသည် ပေါ့။
... ဒါပေမယ့် တော်သေး၏။ ဘသားချော ဘိဂျလိက ငြိမ်သက်သွားလေသည်။ ဘာမှ ထူးထူးခြားခြား မကြားလိုက်...။
ဘာပဲဖြစ်ဖြစ် မိုးရာသီကတော့ တရွေ့ရွေ့လာချေပြီ။ ကျွန်တော်အပါအ၀င် အားလုံးသောသူများ အေးချမ်းသော မိုးရာသီကိုသာ လိုလား တောင့်တကြသည် ဟု ယုံကြည်မိပါသည်။
သွားမယ်လာမယ် လုပ်ခါမှ မိုးက၀ုန်းကနဲရွာ . . .၊ အပြင်ထွက်ဖို့ ခက်ချေပြီ။ ရှိစေတော့ . . .။ ကိုယ်အပြစ်နဲ့ ကိုယ်ပဲ။ လိုအပ်ရင် ဆောင်ထားရမှာ ကိုယ့်တာဝန်ပဲ။ ဆောင်ထားရင်လည်း မပျောက်မရှအောင် ထိန်းသိမ်းရမှာ ကိုယ့်တာဝန်ပဲ မဟုတ်လား။ အင်း . . . ဒါပေမယ့် ရန်ကုန်မိုးက တစ်ခုကောင်း၏။ အခုရွာ အခုတိတ်၊ အကြာကြီး ရွာလေ့မရှိ။ အဲ...ဒါပေမယ့် မထင်မှတ်တဲ့အချိန် ရွာချင်လည်း ရွာနေတတ်ပြန်သည်။ သြော် . . ဒါကြောင့် ထင်ပါရဲ့၊ ရန်ကုန်သူနဲ့ ရန်ကုန်မိုး အစိုးမရတဲ့ . .
ငယ်ငယ်တုန်းကတော့ မိုးရွာလျှင် စိတ်ညစ်၏။ ပတ်ဝန်းကျင်က စွတ်စိုပြီး သွားလို့လာလို့ မကောင်း။ လည်လို့ ပတ်လို့မကောင်း။ ဒါကြောင့် အိမ်ထဲတွင် ခြေချုပ်မိတော့သည်။ ခြေထောက် ဗွေပါသော ကျွန်တော်ကား အိမ်ထဲ တွင် ကြာကြာမနေနိုင်။ အပြင်ထွက်ဖို့သာ ချောင်းနေတတ်သည်။ မိုးရွာထဲအပြင်ထွက် . . . မိုးရေစို အအေးမိ ဖျားတော့ မိဘတွေရဲ့ အဆူခံထိတော့သည်။ ဒီတော့ စိတ်ညစ်သည်ပေါ့။
အခုတော့ အသက်ကလေးပဲ ရလာလို့မသိ
မိုးစပြီဟေ့ ဆိုတာနဲ့ ကြောက်နေသူများကိုလည်း တွေ့ရသည်။ နာဂစ်ဒဏ် ခံခဲ့ရသူတွေပေါ့။ သြော် . . ကြောက်မယ်ဆိုလည်း ကြောက်စရာ . .၊ တစ်ခါသေဘူး ထားသည်ကိုး... ။ ပြီးခဲ့တဲ့ အပတ်က Bijli ဆိုတာကြီး ၀င်လာပြန်ပြီဆိုတော့ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသေး၏။ တစ်ချို့က ဆားတွေတောင် အချိန်မီ လှောင်ထားလိုက် သေးဆိုပဲ။ သြော် . . . စီးပွားရေးသမား တွေကတော့ အလွန်အမြင်ကျယ် ကြပေသည်။ ဘာသတင်းကြားလျှင် ဘာလုပ်သင့်သည် အချိန်ကိုက် လှုပ်ရှားတတ်ပေသည်။ ခေတ်စကားနှင့် ပြောရလျှင် အချိန်နှင့် တပြေးညီ ဆောင်ရွက်ကြသည် ပေါ့။
ဘာပဲဖြစ်ဖြစ် မိုးရာသီကတော့ တရွေ့ရွေ့လာချေပြီ။ ကျွန်တော်အပါအ၀င် အားလုံးသောသူများ အေးချမ်းသော မိုးရာသီကိုသာ လိုလား တောင့်တကြသည် ဟု ယုံကြည်မိပါသည်။
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့