ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်းနဲ့ ကျန်းမာရေးနဲ့ အစားအသောက်တွေ အကြောင်း ပြောဖြစ်တယ်။ သူကသွေးတိုးဖြစ်နေတော့ အစားအသောက် ဆင်ခြင်ရတဲ့အကြောင်း ခန္တာကိုယ် ၀ိတ်တက် လာတော့ ကျန်းမာရေး အတွက် အားကစားပါ လိုက်စားနေရတဲ့ အကြောင်းပြောရင်းက ခန္တာကိုယ်မှာလိုအပ်တဲ့ အဟာရကယ်လိုရီ ဓါတ်တွေနဲ့ မပိုမလိုအောင် ဘယ်လိုနေထိုင် ထိမ်းသိမ်းရမယ်ဆိုတဲ့ အကြောင်းကို သူသွားရောက် လေ့လာခဲ့တဲ့ ဆရာဝန်ကြီးများရဲ့ ဆွေးနွေးပွဲများက အကြောင်းတွေ ပြောပြပါတယ်။
ဥပမာ ကျွန်တော်တို့ ဟိုတုန်းက သိထားတာက ဆန်သစ်နဲ့ ဆန်ဟောင်းဆိုရင် ဆန်သစ်က ကဆီဓါတ်များလို့ ရင်ပြည့် စေတယ်။ ဒါကြောင့် ဆန်သစ်ပေါ်စမှာ မစားသင့်ကြောင်း မှတ်သားခဲ့ရဘူးပါတယ်။ ပြီးတော့ ဆန်ကိုဆေးတဲ့အခါ အကြိမ်အများကြီး မဆေးသင့်ကြောင်း ထပ်ခါထပ်ခါ ဆေးခြင်းအားဖြင့် ဆန်မှာပါဝင်တဲ့ အဟာရဓါတ်တွေ လျော့သွားစေပါတယ် လို့မှတ်သားခဲ့ရတယ်။
အခုအဲဒီလို မဟုတ် တော့ဘူးတဲ့ ..။ အခြောက်ခံ အစားအစားတွေ အားလုံးမှာ မှိုစွဲကပ်ပါတယ်တဲ့။ အဲဒီမှိုဟာ ကင်ဆာရောဂါ ဖြစ်စေပါတယ်တဲ့။ ဒါကြောင့် ဆန်သစ်ကို စားတာဟာ ဆန်ဟောင်းကို စားတာထက် ပိုကောင်းပြီး ဆန်ဟောင်းစားတဲ့ အခါမှာလဲ စွဲကပ်နေတဲ့ မှိုကင်းစင်အောင် အကြိမ်ကြိမ် အထပ်ထပ် ဆေးကြောသင့် ပါတယ်တဲ့။ အခြောက်ခံ အစားအစာတွေဟာ ဘယ်လိုအစားအစာမျိုးမဆို မှိုစွဲကပ်မှုရှိတာကြောင့် အထူးဂရုပြု စားသုံးသင့်ပါတယ်တဲ့။ အခြောက်ခံ အစားအစာ ဆိုတဲ့နေရာမှာ အသားခြောက်၊ အသီးခြောက်၊ အရွက်ခြောက် အားလုံး အကြုံးဝင်ပါတယ်တဲ့။ ဒါကြောင့် အခြောက်ခံ အစားအစာများအစား မူလအတိုင်း အစိုကိုစားသုံးခြင်းက ပိုမိုသင့်တော်ပါတယ်တဲ့ခင်ဗျား...။
ဒီအခါမှာ ဆွေးနွေးပွဲတက်လာတဲ့ လူတစ်ယောက်က ဘာပြောသလဲဆိုတော့ "ဆရာကြီးခင်ဗျား ဒါဆို အခြောက်ခံ အစားအစာများကို မစားသုံးပဲ အသားစို အသီးစို များကိုပဲ စားသုံးမယ်ဆိုရင် အန္တရာယ်ကင်း တယ်လို့ပြောနိုင်မှာလား ခင်ဗျာ" လို့မေးတဲ့အခါ "အဲဒီလိုလဲ ပြောလို့မရဘူးဗျ။.... အသားဆိုရင်လဲ အခုအခါမှာ ဟိုမုန်းဆေးတွေ သုံးလားတယ်။ အသီးအရွက်တွေ ဆိုရင်လဲ ဓါတ်မြေသြဇာတွေ၊ ရွက်ဖြန်းဆေးတွေ၊ ဆိုးဆေး တွေ သုံးလာတော့ အန္တရယ်ကင်းတယ်လို့ ပြောလို့မရနိုင်ဘူးဗျ" တဲ့။ ဒီလိုဆိုရင် ကျွန်တော်တို့ ဘယ်လိုအစား အစားမျိုးကို စားရင် အန္တရာယ်ကင်းမှာလဲ လို့မေးတော့..... ကြည့်သာစားတော့ဗျာ......တဲ့။
ကဲ.... ခင်ဗျားကော ဘာတွေစားနေလဲဗျာ။

ဘာတွေစားရင်ကောင်းမလဲလေနော်။
ReplyDeleteဟဲဟဲ...လောလောဆယ်တော့အကုန်စား
နေပါတယ်။။။။အဲ...:P
(ဒီ post လေးဖတ်ပြီးဘာတွေစားရမှာလဲ
တွေးနေမိပြီ):)
ဆရာဝန်ကြီးက ပြောသေးတယ်ဗျ။ ဘာမှမစားပဲ ရေပဲသောက်နေရင်တောင် အန္တရယယ်မကင်းသေး ဘူးတဲ့ဗျ။
ReplyDelete:(
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့