စစ်ခဲ့သော စာမေးပွဲ

ပထမ လပါတ်စစ်ပြီးပြီ။ ၆၃ယောက်ဖြေ တယ်။ ၃၂ယောက် ကျတယ်... ။ ၅၀%ပေါ့ ။ အခြေခံအားနည်းမှုတွေ တွေ့ရတယ်။ ဒါကတော့နှစ်စဉ်ပါပဲ။ အခြေအနေ အရမ်းဆိုးတဲ့ တစ်ယောက် နှစ်ယောက်လောက်တွေ့တယ် စာရေးစာဖတ်တတ်တဲ့ အခြေအနေလောက်ပဲ။ ဒီအတန်းရောက် လာအောင် ဘယ်လိုကုစားခဲ့ကြသည် မသိ။ ဒီနေ့ Remedial ပြန်လုပ်ပေးပြီး မှားရတဲ့ အကြောင်းအရင်း တွေရှင်းပြဖြစ်တယ်။ concept base ကိုနားလည်စေဖို့ နည်းလမ်းတွေ ရှာခဲ့ပေမယ့် base rule တွေမသိခဲ့တော့ .... ဆရာသူရိန်ရေ... ထုံးစံအတိုင်း အောက်ခြေကို ပြန်ဆင်းပေးလိုက်ဦး။

ဒီ rating ကို founder သိပ်မကြိုက်မှာ သေချာတယ်။ စာရွက်ပေါ်က အရေအတွက်တွေ ကိန်းဂဏန်းတွေ ကိုပဲ အောင်မြင်မှု အဖြစ် သက်သေပြတဲ့ အလေ့အကျင့် ကျွန်တော်တို့လဲ အကျင့်ပါနေကြပြီ ထင်ပ။ ဒါတွေနဲ့ ကျင့်သားရနေကြတော့ ဒါတွေကို ပဲ လက်ခံတတ်နေပြီ။

အင်းမှန်တာပေါ့လေ....။ Founder ကတော့ Commercial ကိုကြည့်မှာပဲ။ Commercial ကိုဦးစားပေးရင် Typical Teacher တစ်ယောက် ဖြစ်ဖို့မလွယ်ဘူး ဆိုတဲ့ ဆရာတစ်ယောက်ရဲ့ စကားကို သတိရမိပါရဲ့။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1