ဒီနေ့ ကျွန်တော်တို့ စာသင်ဝိုင်းရဲ့ သင်္ကြန်အကြိုပွဲလေး ကျင်းပခဲ့ပါတယ်။ မနေ့က သူတို့လေးတွေရဲ့ ၂၀၀၉ခုနှစ် စာသင်နှစ်ရဲ့ ပထမလပါတ် ဖြေဆိုပြီးခဲ့ပါတယ်။ မနက်ဖြန်ကစပြီး သင်္ကြန်အခါရက် ကျောင်းပိတ်တော့မှာပါ။ ဒီတော့ သင်္ကြန်အကြို စတုဒီသာ မုန့်လုံးရေပေါ် ကျွေးခဲ့ပါတယ်။ ကလေးတွေအားလုံး စုစည်းပြီး မုန့်လုံး ရေပေါ်တွေ လုံးကြ၊စားကြ ပျော်စရာပါ။
အားလုံးစုစည်းမှုရဲ့ အထိမ်းအမှတ် ဒီပွဲလေးမှာ သူတို့တွေရဲ့ အပျော်က ကျွန်တော်ဆီ ကူးဆက်ပြီး ငယ်ဘ၀ ကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်မိပါရဲ့။ ဆယ်ကျော်သက် တို့ရဲ့ သဘာဝအတိုင်း လွတ်လပ်ပျော်ရွှင် အပူအပင်ကင်းမဲ့နေတဲ့ မျက်နှာလေးတွေ မြင်ရတော့ အတိုင်းမသိ ကြည်နူးရပါတယ်။ ယခင်နှစ် တပည့်ဟောင်း တွေလည်း ရောက်လာကြ၊ အားရ၀မ်းသာ လာရောက်နှုတ်ဆက်ကြ၊ သူတို့တွေရဲ့ လက်ရှိဖြတ်သန်း ရပုံအတွေ့ အကြုံ တွေကို ပြောပြကြ တကယ်ပျော်ရွှင်ကြည်နူးစရာပါပဲ။
ဒီအရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိမိ ကိုယ်ကို ယုံကြည်အထင်ကြီးတဲ့စိတ်၊ လူရာဝင်လိုတဲ့ စိတ်ကလေးတွေနဲ့ စွမ်းဆောင်ခဲ့ပုံတွေ၊ ဖြတ်သန်းခဲ့ပုံတွေ ကို ဆရာကိုတွေ့တော့ မျိုသိပ်ထား ရတာတွေ ဖွင့်ပြနေတော့တာပဲ။ သူတို့လေးတွေရဲ့ တက်တက်ကြ်ွကြွ ပြောကြဆိုကြပုံတွေကို ပြုံး၍နားထောင်ရင်းက "သြော်.... ဆရာ တစ်ယောက်ရဲ့ ပီတိဆိုတာ ဒါပဲလေလို့ တွေ့မြင်ခံစားမိတယ်"။ တချိန်တုန်းက ကိုယ်ရဲ့ဆရာတွေ ကိုလည်း ပြန်လည် အမှတ်ရမိပါရဲ့။ စိတ်ထဲကပဲမှန်းပြီး ဆရာများကို ကန်တော့ဦးချခဲ့ပါတယ်။ အနားမှာ ဆရာများသာ ရှိခဲ့ရင် ကျွန်တော်လည်း အပြေးသွားရောက် ပြောပြချင်မိတဲ့စိတ်က တဖွားဖွား......။
မုန့်စားပြီး၊ အချင်းချင်းရေတွေပက်ကြ၊ ဆရာတွေကို တစ်ယောက်ပြီးတစ်ယောက် ရေလာ လောင်းကြနဲ့ ကျွန်တော်လည်း ရွှဲရွှဲဆိုခဲ့၊ ခိုက်ခိုက်တုန်အောင် ချမ်းလှပေမယ့် ပီတိတွေ ဖုံးလွှမ်းနေတဲ့ ကျွန်တော့် နှလုံးသား ကတော့ နွေးထွေးနေခဲ့ပါတယ်။
ပြီးတဲ့အခါမှာတော့ အားလုံးအတွက် နှစ်သစ်ဆုတောင်း ဆုတွေခြွေခဲ့အပြီးမှာ ဒီနေ့ပွဲလေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ပါတယ်။ အားလုံးကို အေးမြစေလိုတဲ့ ဆန္ဒပေလားတော့ မသိ။ မနေ့က ဖွဲဖွဲရွာခဲ့တဲ့ မိုးဟာ ဒီနေ့တော့ ခပ်သည်းသည်းလေး ရွာပေးခဲ့ပါတယ်။
မျှော်လင့်ချက်တွေနဲ့ ဖြူစင်စွာ ရှင်သန်နေကြတဲ့ တပည့်တို့ရဲ့ ရှေ့ဘ၀ခရီးမှာ အစစအဆင်ပြေ ချောမွေ့ပြီး အေးချမ်းပျော်ရွင် သောဘ၀များကို ပိုင်ဆိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

post လေးကိုဖတ်ရတာနဲ့ တင် ရင်ထဲမှာအေးချမ်းပြီး
ردحذفကြည်နူးရပါတယ်။ :)
ညီမရဲ့ ကျောင်းသူဘဝတွေကိုလဲ လွန်းတယ်။:)
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့