မြန်မာဘလော့တွေ အခုတော်တော်လေး ရေးနေကြပါပြီ။ မရေးတတ်တဲ့ သူတွေကလဲ ခက်ခဲနေဆဲမို့ ဒီ post လေးကို တင်လိုက်ပါတယ်။ အခုမှစရေးလိုတဲ့ သူတွေအတွက်ပါ။
မြန်မာပြည်မှာ Blogspot ကို ပက်ပက်စက်စက် ဘန်းထားလေတော့ ဒီအတိုင်း ဖွင့်လို့ မပွင့်ပါဘူး။ ဒီတော့ ကျော်ရမှာပေါ့ဗျာ။ http://www.ultrareach.net မှာ U.94.exe ကို download ဆွဲပါ။ပြီးတော့ ဖွင့်လိုက်ပေါ့ဗျာ။ connection ရရင် IE browser အလိုအလျောက် တက်လာပါလိမ့်မယ်။ ဒါဆိုရင် ရပြီပေါ့။ ဒါပေမယ့် FireFox Browser က ဘလော့တွေအတွက် အဆင်အပြေဆုံးပါ။ FireFox ကို သုံးမယ်ဆိုရင်တော့ setting တွေကို manual ပြောင်းပေးရပါမယ်။ ဘယ်လိုပြောင်းရလဲ ဆိုတာကိုတော့ ဒီမှာ ရေးခဲ့ဘူးပါတယ်။
ပထမဦးစွာ... www.blogger.com မှာ google account နဲ့ sign up လုပ်ရပါမယ်။ ခိုင်းတာတွေ အဆင့်ဆင့် လုပ်လိုက်ပေါ့ဗျာ။
ပြီးရင် posting မလုပ်ခင် ဒါကို download ဆွဲပါ။ layout > Edit Html မှာ Browse ကနေ စောစောက download ဆွဲထားတာကို ရှာပါ။ ပြီးရင် upload ပေါ့ဗျာ။ပြီးရင်တော့ Posting>Creat မှာ စတင်ရေးသားနိုင်ပြီ ဖြစ်ပါကြောင်း ........။ ဘလော့ရဲ့ ဒီဇိုင်းအပြင်အဆင်တွေ ဘယ်လို လုပ်ရလဲ ဆိုတာကိုတော့ ဒါလေး ဒေါင်းပြီးဖတ်ပါ ခင်ဗျာ။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့