မှတ်မိသော သတင်းအပိုင်းအစများ

လျှပ်စစ်မီးလာချိန်တွင် လုပ်စရာရှိသည်များကို အချိန်ကိုက် လုပ်ဆောင်နေရသော အိမ်ရှင်မတစ်ဦးက “ အိမ်ကယောက်ျား အချိန်မှန်ပြန်လာဖို့ ထက် လျှပ်စစ်မီး မှန်မှန်လာဖို့ ပိုပြီးမျှော်လင်ပါတယ်” တဲ့။

စီးမွားရေးကျဆင်းမှု ကာလမှာ ထုတ်လုပ်ရောင်းချသူများက ကုန်ပစ္စည်း အရည်အသွေးကို လျှော့ချပြီး ရောင်းကြ၀ယ်ကြ လုပ်ကြတဲ့အတွက် စားသုံးသူ အခွင့်အရေး ထိခိုက်ကြရတယ်လို့ ဂျာနယ်စာမျက်နှာ တွေမှာ ပွစိပွစိ ပြောသံများကိုလည်း ကြားနေရ၏။

ပိစပ်ရွက်ဟာ သာမာန် ထိခိုက်ရှာနာကို ပျောက်ကင်းစေမှုထက် ပိုပြီးဘာမှ အစွမ်းမထက်ပါဘူး ဆိုတဲ့ ပိစပ်ရွက်အာနိသင် ညင်းခုန်ပွဲကိုလဲ ဂျာနယ်စာမျက်နှာတွေမှာ ဆက်လက် မြင်တွေ့ရဆဲ…။

စင်္ကာပူက (merlion) ပင်မခြင်္သေ့ရုပ်ကြီး မိုးကြိုးပစ်ခံရတယ် ဆိုပဲ။

ပါကစ္စတန်ကတော့ တမီလ်ကျားသူပုန်တွေကို အနိုင်ရလုနီးပါပြီတဲ့။ အစ္စရေးကလည်း ရန်စမှုတွေကို ဆက်ပြီး သည်းခံမှာမဟုတ်တော့ဘူးလို့ ပါလက်စတိုင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်တဲ့။

အားကစားဂျာနယ် နှစ်စောင် ဖတ်ခဲ့တာမှာ တစ်စောင်ကတော့ ဖာဂူဆန်အနားယူရင် မန်ယူနည်းပြအဖြစ် မော်ရင်ဟိုက ရည်မှန်းနေတယ်လို့ ဖာဒီနန်ကပြောကြောင်း ရေးထာပြီး။ တစ်ဆောင်မှာတော့ မော်ရင်ဟိုကို မန်ယူနည်းပြအဖြစ် မြင်တွေ့လိုကြောင်း ဖာဒီနန်ကပြောတယ် လို့ရေးထားပါတယ်။ မော်ရင်ဟိုနဲ့ ဖာဒီနန်ကို ရန်တိုက်ပေးပြီ ထင်တယ်…. :) ။ မြန်မာဂျာနယ်တွေလည်း mind game ထဲဝင်ပါပြီ ထင်ပ….

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1