သားမိုက်ရေ...

အမေ့သားလေးငယ်လှပေါ့
အမေ့ရင်ခွင်ခြေစုံပစ်လည်း
ငါ့သားပါဆို
ငါခွင့်လွှတ်တယ်
အမေ့သားကိုလူ့ချဉ်ဖတ်ပြော
ငါလိုက်ရှင်းမယ်
အမေ့သားကိုအမေချစ်တယ်
အမေ့သားကို
အလိုလိုက်လို့အမိုက်စော်ကားလဲ
အမေ့ပြုံးပြီးလက်ခံတယ်

သား.. လူလေးရေ
မင်းအပြောတွေရိုင်းတော့
မင့်မောင်နှမတွေကပြောတယ်
တစ်မေတည်းမွေး
သွေးရင်းတွေဒီလိုပြောသင့်လားတဲ့
သား.. လူလေးရေ
မင့်လုပ်ရပ်မကောင်းတော့
အရပ်က၀ိုင်းပြောပြီ
"ဟုတ်လို့ကျော်သပ"ဆိုပဲ
မင့်ဖြုန်းတဲ့အသပြာ
ဘယ်ကရမယ်မင်းထင်လို့
အမေ့အတွင်းအိတ်ကမဟုတ်ရဲ့လား
သား.. လူလေးရေ
လူကောင်းရင်ခေါင်းမရွေ့ပေမဲ့
မင့်ကိုယ်ကမှမကောင်းတာ
ခေါင်းရွေ့တော့မပေါ့
သား.. လူလေးရေ
ပျက်စီးခြင်းကပတ်ဝန်းကျင်နဲ့ဆိုင်တယ်ဆိုရင်
မင့်ကိုဖျက်တာပတ်ဝန်းကျင်မဟုတ်ပြန်
မင်းကိုမင်းဖျက်
မင့်ကြောင့်အမေရင်မောလှတယ်

အမေ့သားကြောင့်တစ်ပါးအပြစ်ဖြစ်ရင်
အမေ့သားအမုန်းခံရမယ်
သားရယ်
မိုက်ရင်လဲတစ်ခါပေါ့
ခုတော့...
မင်းမျက်လုံးကိုသေချာဖွင့်
မင့်ကိုချစ်တဲ့အသိုင်းဝိုင်းလေ
မင်းအတွေးကိုရှင်းရှင်းထား
မင့်ချစ်တဲ့မင့်သွေးတွေလေ

သား...ရေ
မမိုက်ပါနဲ့တော့။
.............................................
လမင်းက သာ နေလိမ့်မယ်
ဟိုး....
မြင့်မြင့်ကနေ

ဘ၀က နာ နေလိုက်တာ
ဟိုး....
အောက်ဆုံးမှာ(နင်းပြားကိုဖြစ်လို့...)

ရသတွေမဲ့လို့
ဟိုတစ်ဝက်
ဒီတစ်ပိုင်း
ပြတ်တောင်းတောင်း ညတွေမှာ
အဆုတ်ထဲဝင်သွားတာ
ပျံ့လွင့်လွင့်အတွေးတွေပဲရှိမယ်

စကားတွေမပြောပေမဲ့
အကြည့်တွေနဲ့သိလိမ့်မယ်
ညှို့မှိုင်းမှိုင်းအမြင်မှာ
ဘ၀တူချင်းမို့အားပေးမှာပါ
ဒါပေမဲ့
အနာဂတ်ပျောက်လို့
လမ်းဖေါက်လည်းမရောက်

လမ်းပြကြယ်လဲ
ကောင်းကင်မှာပဲ
ငိုမဲ့မဲ့
...........................
ကျွန်တော်မိတ်ဆွေ ညီမငယ်လေး အဒိုး ရေးထားတာပါ။ မျှဝေလိုက်ပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1