ASEAN food festival


မြန်မာနှစ်ကူး အကြို အာဆီယံ အစားအစာပြပွဲကို ရန်ကုန်မြို့မှာ မတ်၂၇ရက်မှ ဧပရယ် ၁၀ရက်နေ့ အထိ ၁၅ရက် တိုင်တိုင် ပြသတော့မှာ ဖြစ်ပါတယ်။ မြန်မာအစားအစာများအပြင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဘရူးနိုင်း၊ ကမ္ဘောဒီယား ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ရိုးရာအစားအစာ များ ကိုလည်း ပြသမှာဖြစ်ပါတယ်။ ဒါ့အပြင် အာရှနိုင်ငံများ ဖြစ်ကြတဲ့ တရုတ်၊ တရုတ်တိုင်ပေ၊ အိန္ဒိယ၊ တောင်ကိုရီးယား နဲ့ ဂျပန် အစားအစာများကိုလည်း ပြသမှာဖြစ်ပါတယ်။ စပွန်စာပေးတဲ့ သူတွေရဲ့ ပြောကြားချက် အရ အရှေ့တိုင်းနိုင်ငံများရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ကို ပိုမိုနားလည်စေဖို့ ရည်ရွယ်ပါတယ်တဲ့။ ဒီပြပွဲမှာ မြန်မာအစားအစာ များကို အဓိက ပြသသွားမှာ ဖြစ်ပြီး ပြပွဲရဲ့ ၆၅ ရာခိုင်နှုန်း ပါဝင်မှာဖြစ်ပါတယ်။ တရုတ်အစားအစာနဲ့ ဥရောပအစားအစာ တွေထက် ဈေးနှုန်းသက်သာတဲ့ မြန်မာအစားအစာ တွေကို နိုင်ငံခြား ဧည့်သည်တွေ ပိုမိုနှစ်သက်ကြလိမ့် မယ်လို့မျှော်လင့်ရပါတယ်။

ကဲ......စားဖို့သာ....ပြင်ထားကြပေတော့ဗျို့။ စပွန်စာပေးမယ်ဆိုရင် ပါးစပ်စိုက်နိုင်ပါကြောင်း.........


Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1