လက်ဆင့်ကမ်းတာပါ။

အကြာကြီးမစောင့်ရအောင်

သင်ချိတ်ဆတ်ထားတဲ့ အင်တာနက် မြန်နူန်းမြင့်မဟုတ်တဲ အခါ ၀က်ဘ်ဆိုက် တစ်ခုတက်လာဖို့ မေ့တမြော ကြာတက်ပါတယ်။ရုပ်ပုံများ တဲ့ ဆိုက်ဆို ပိုဆိုးတာပေါ့ ။ပွင့်စေချင်တာတွေကို မြန်မြန်ပွင့် စေဖို့ ကူညီမှာက http://finch.ploogy.net ပါ ။ သည်ဆိုက် ကနေတဆင့်ကို ကြည့်ချင်တဲ့ဆိုက်ကိုခေါ်ရင်ပိုမြန်ပါတယ်။ မြန်ရတဲ့ အကြောင်းရင်ကလဲ မူလဆိုက်ထဲက လေးလံတဲ့ ပုံတွေ ဗီဒီယိုတွေကိုသူချုံ့ပစ်၊ ဖယ်ပစ်လိုက်လို့ပါ။ သည်အခါ ပေါ့ပါးတဲ့ စာသားတွေချည်း ကျန်ခဲ့တာမို့ သင်အလိုရှိရာကိုမြန်မြန် ရောက်စေနိုင်မှာပါ။ သင်လုပ်ရာမှာက ဆိုက်က ပေးထားတဲ့ နေရာမှာ ကိုယ်ဖွင့်ချင်တဲ့ ဆိုက်လိပ်စာကိုရေးပြီး enter ခေါက်လိုက်ရုံပါပဲ။ ဓါတ်ပုံ ဗီဒီယိုတွေက လွဲလို့ကျန်တဲ့ ဆိုက်တွေကိုမြန်အောင် ကူညီပေးပါလိမ့်မယ် ။

စကားတွေခြားနေသော်လည်း

အွန်လိုင်းမှာ သင်ကရုရှား လူမျိုးတစ်ယောက်နဲ့ chat မယ်ဆိုပါစို့ သူကအင်္ဂလိပ်လို ကောင်းကောင်းမတက်၊ ကိုယ်ကလည်း ရုရှားလိုမတက်တဲ့ အခါဘယ်လိုပြောဆိုကျမလဲ။ စိတ်မပူပါနဲ့။ http://meglobe.com ထဲကို သူ့ကိုဖိတ်ခေါ်လိုက်ပါ ။သည် chat room မှာ တရုတ် ၊ ရုရှား ၊ ဂျာမနီစတဲ့ ဘာသာစကား ၁၅ မျိုးလောက်ကို ဘာသာပြန်ပေးနိုင်ပါတယ် ။ သင်က အင်္ဂလိပ်လိုရိုက်လိုက်တာကိုဆိုက်ကနေ ရုရှားလို ပြန်ပေးသလို .ဟိုဘက်က ရုရှားဘာသာနဲ့ ရိုက်လိုက်တာ ကို အင်္ဂလိပ်လို ဘာသာပြန်ပေးပြီး သင့်ကိုချတ်ချင်း ဖော်ပြပေးပါလိမ့်မယ် ။ သူရဲ့ကောင်းကွက်ကတော့ ဆောဖ်ဝဲတွေဘာတွေမလိုဘဲ အွန်လိုင်းမှာ တင်သုံးနိုင်ခြင်းပါပဲ။ ရီဂျစ်စတာ လုပ်ပြီးတာနဲ့ သူငယ်ချင်းတွေ ဖိတ်ခေါ်ပြီး ကြိုက်သလို ချတ်နိုင်ပါပြီ။ ဘာသာစကားတွေ အခတ်အခဲမရှိဘဲ ကမ္ဘာတစ်ဝန်းလုံးက မိတ်ဆွေတွေရဖို့ သည်ဆိုက်က ကူညီပါလိမ့်မယ်။

ဂရပ်ဖစ်ဒီဇိုင်းတွေသင်မယ်


ဂရပ်ဖစ်ဒီဇိုင်းကို အွန်လိုင်းကနေ လေ့လာချင်သူတွေအတွက် ဆိုက်တစ်ခုကို ဖော်ပြချင်ပါတယ်။သည်ဆိုက်မှာ Adobe Photoshop, Corel, Paint Pro စတဲ့ ဆော့ဖ်ဝဲတွေကနေ ဂရပ်ဖစ်ပုံတွေ ဖန်တီးနည်းကို ပြသထားပါတယ်သူရဲ့ ထူးခြားချက်က သင်ခန်းစာတွေကို ကိုယ်လေ့လာလိုတဲ့ အပိုင်းကိုရွေးပြီး လေ့လာနိုင်တာပါပဲ။ သင်ကအခုမှစလေ့လာမယ်ဆိုရင်လဲ သူက အစကနေသင်ပေးမှာပါ။ စီးပွားရေး လုပ်ငန်းသုံးလိုဂိုရေးဆွဲနည်း ၊ ၀တ်ဘ်ဆိုက်တွေမှာသုံးလေ့ရှိတဲ့ လူပ်လူပ်ရွရွ GIF ပုံလေးတွေ ဖန်တီးနည်းကိုလဲ သည်မှာ ကဏ္ဍခွဲတွေ အဖြစ်တွေ့ရမှာပါ။ ဂရပ်ဖစ်ဒီဇိုင်း သင်ချင်သူ တွေအတွက် လိပ်စာကတော့ http://www.grafx-design.com ပါ။

သင်ဓါတ်ပုံ ဒီဇိုင်းများကိုသင်ကိုယ်တိုင်ဖန်တီးနည်း

သင့်ဓါတ်ပုံကို ဒီဇိုင်းအမျိုးမျိုး လုပ်ချင်တယ်ဆိုရင်တော့ ဘာဆော့ဝ်မှသုံးစရာမလိုပါဘူး။ ဒီဇိုင်းဆော့ဝဲ မသုံးဘဲ ဖန်တီးပေးတာကတော့ http://www.dumpr.netပါ။ သည်ဆိုက်ထဲမျာ ပါပါဇီရာတွေက သင့်ကို ဓါတ်ပုံ ၀ိုင်းရိုက်တာ သင်ရဲ့ ခဲချစ်ပုံတူ စတဲ့ ဓါတ်ပုံ effect အမျိုးမျိုးကို ဖန်တီးပေးနိုင်ပါတယ် ။ သင်က ကြိုက်တဲ့ effect တစ်ခုကိုရွေးပြီး ကိုယ့်ဓါတ်ပုံထည့်ပေးလိုက်ရုံနဲ့ ဝက်ဝ်ဆိုက် ကချက်ချင်းဖန်တီပေးပါတယ် ။ effect အမျိုးပေါင်း ၁၇ မျိုးလောက်ရှိပြီး effect တစ်ခုအတွက်အနေအထားလေးမျိုးစီပေးထားတာမို့ သင်စိတ်ကြိုက် ဖန်တီးနိုင်မှာပါ။ တစ်ခုရှိတာက တချို့ effect တွေဟာပိုက်ဆံပေးမှ သုံးလို့ ရတယ်။ မိနစ်ပိုင်းအတွင်း ခပ်မိုက်မိုက်တစ်ပုံ ထွက်လာမှာမို့ စမ်းသုံးကြည့်နိုင်ပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1