နိုင်ပွဲဆက်တဲ့ ကျွန်တော်တို့ မန်ယူ



ချဲလ်ဆီးအာဆင်နယ် ပြိုင်ဘက်အသင်းတွေ အမှတ်တွေ လျော့နေချိန်မှာ အနိုင်ရလဒ်နဲ့ အတူ ၃မှတ်ရအောင် ယူနိုင်ခဲ့တဲ့ မန်ယူရဲ့ စွမ်းရည်ကတော့ လေးစားစရာပါ။ ဒီပွဲမှာ ဇိုလာရဲ့ တူတွေကလည်း မခေပါဘူး။ ခပ်မာမာနဲ့ မန်ယူကို ခြေရည်တူ ကစားသွားခဲ့တာပါ။ ဂိုးပေးလိုက်ရတာက လွဲလို့ ပြောစရာမလိုအောင်ကို ကစားသွားနိုင်တဲ့ ဟမ်းမားတွေကိုလည်း လေးစားမိပါတယ်။

ဒီပွဲအနိုင်ရလိုက်တဲ့အပြင် ၁၃ပွဲ ဆက်တိုက် ပေးဂိုးမရှိ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ မန်ယူမှာ ပွဲအများဆုံး ကစားထားတဲ့ ဂန္တ၀င်ကစားသမားကြီး ရိုင်ယန်ဂစ်က ဒီပွဲရဲ့ အနိုင်ဂိုးကို ၆၂မိနစ်မှာ သွင်းပြလိုက်တာကတော့ ငါမအိုသေးလို့ ကြွေးကြော်ပြလိုက်တာပါပဲ။ ဒီပွဲကိုလာကြည့်တဲ့ ချဲလ်ဆီးနည်းပြဟောင်း အင်တာနည်းပြကြီး မော်ရင်ဟိုတော့ စိတ်လှုပ်ရှားရင်ခုန်နေပြီလားမသိ။ သေချာတာပေါ့ မကြာခင်မှာ မန်ယူရဲ့ဆုံးမမှုကို လှလှပပကြီး ခံရဦးမှာဆိုတော့ ရင်ခုန်ပေတော့ မောင်ရင်ညိုရေ....

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1