Alilg.com - အသုံးပြုရလွယ်ကူပြီး photoshop နဲ့တော်တော်လေး ဆင်တူပေမယ့် photoshop လောက် tools တွေ effect တွေမစုံပါဘူး။
FlauntR.com – FlauntR တော့ background တွေ၊ photo frame လေးတွေ အများကြီး ပါဝင်ပါတယ်။ အခြေခံ tools တွေပါဝင်တဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။
FotoFlexer.com - free editor တစ်ခုအနေနဲ့ ပြောရရင်တော့ တော်တော် ပြည့်စုံလှတယ်လို့ ပြောလို့ရတဲ့ site ပါပဲ။ tools တွေအများအပြားပါဝင်ပြီး layer တွေ အခြား effect တွေ တော်တော်စုံလင်လှပါတယ်။
Lunapic.com – free ဖြစ်တာရယ်၊ ရိုးရှင်းတာရယ်က ဒီ siteရဲ့ ထူးခြားချက်လို့ ပြောလို့ရပါတယ်။ လိုအပ်ချက်လေးတွေတော့ ရှိဆဲပါ။
MyImager.com – Interface က နဲနဲဆန်းပါတယ်။ တစ်ခုခု ဆောင်ရွက်ပြီးတိုင်း reload ပြန်လုပ်တာကတော့ အားနည်းချက်ပါပဲ။ GIFs နဲ့ JPGs image တွေကိုပဲ accept လုပ်ပါတယ်။
Online-Image-Editor.com - သာမာန် ပြင်ဆင်မှုလေးတွေ အတွက်တော့ လွယ်ကူအသုံးဝင်တဲ့ site တစ်ခုပါ။
Phixr.com - အခြေခံ tools တွေကတော့ တော်တော် စုံစုံလင်လင် ပေးထားပါတယ် format တွေလဲစုံပါတယ်။ edit လုပ်ပြီးသား ပုံတွေကိုလည်း photo service site တွေမှာ upload လုပ်နိုင်အောင် ချိတ်ဆက်ပေးထားပါတယ်။ သုံးရတာလဲ လွယ်ကူပါတယ်။
Photoshop.com - Adobe လည်း သူရဲ့ကျော်ကြားတဲ့ photo editor ကို online ကမ္ဘာထဲကို ယူလာပါပြီ။ ဒါပေမယ့် မူလ software လောက်တော့ မစုံလင်နိုင်ဘူးပေါ့ဗျာ။ လွယ်ကူရိုးရှင်းတဲ့ tools တွေကိုတော့ အဆင်ပြေပြေ သုံးဆွဲနိုင်အောင် စီမံပေးထားပါတယ်။ Online Storage ကိုလည်း 2GB ထားပါတယ်။ ဒါပေမယ့် upload လုပ်မယ့် ဓာတ်ပုံတွေကတော့ JPG format ပဲဖြစ်ရပါမယ်။
Picture2Life.com - Picture2Life ကလည်း tools တွေစုံပါတယ်။ automatic preview ကိုတော့ပုံတွေကို open လုပ်တာနဲ့ တွေရမှာပါ။
Pixer.us - colorfix, blur & sharpen, sepia tone နဲ့ အခြား effect တွေ အများအပြား ပါဝင်တဲ့ free editor တစ်ခုပါ။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့