ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ နီးလာပြီ။ ချစ်တတ်သူများရဲ့ အမှတ်တရနေ့… ချစ်သူများနေ့ပါ။ ဒီနေ့မှာ ချစ်သူချင်း လက်ဆောင်လေးတွေ လဲရတာလည်း ပျော်စရာ တစ်မျိုးပေါ့။ တစ်ချို့က လက်ဆောင်လေးတွေ ၀ယ်ပေးကြသလို တစ်ချို့ကတော့ ကိုယ်တိုင်ဖန်တီး ထားတဲ့ လက်ဆောင်လေးတွေ ပေးချင်မှာပေါ့။ photoshop ကျွမ်းကျင်သူများ အနေဖြင့် ချစ်သူအတွက် အမှတ်တရ လက်ဆောင်ကတ်လေးများ ကိုယ်တိုင် ဖန်တီးနိုင်ကြသည်ပေါ့။ တစ်ချို့မှာတော့ ချစ်သူအတွက် ကိုယ်တိုင်ကိုယ်ကြ ဖန်တီးပေးလိုသော်လည်း သူများလို မကျွမ်းကျင်တော့ အခက်တွေ့ရသည်။ အခုကျွန်တော် တင်ပေးထားတဲ ပုံလေးတွေကို ကြည့်ပါ။ photoshop ဖြင့် ဖန်းတီးထားတဲ့ ပုံလေးတွေပါ။ အမှန်ဝန်ခံရလျှင်တော့ ကျွန်တော် ဖန်တီးထားခြင်းမဟုတ်ပါ။….:P ဒီနေရာလေး ကရယူထားခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုဖန်တီးမလဲ အဆင့်ဆင့်တင်ပြ ထားတာလေးတွေက စိတ်ဝင်စားဖွယ်ပါ။ ကိုယ်တိုင် ဖန်တီးမှုလေးကိုမှ ချစ်သူကို ပေးချင်ပါတယ်ဆိုရင် အဲဒီမှာလေ့လာ နိုင်ပါကြောင်း…. လက်ဆင့်ကမ်းလိုက်ပါတယ် ခင်ဗျား….
ချစ်တတ်သူများအတွက်
သူရိန်မင်း
0
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့