မင်္ဂလာပါ၂၀၀၉

နှစ်သစ်ရေ......

ရင်ခုန်မျှော်လင့်စွာကြိုဆိုပါတယ်။

ငါရဲ့မျှော်လင့်ခြင်းတွေအတွက် ရင်ခုန်စွာ စောင့်မျှော် နေပါတယ်။ မင်းကို တိုင်တည်လို့ ကမ္ဘာသူ ကမ္ဘာသား တစ်ယောက်အနေနဲ့ ငါဆုတောင်းလိုက် ပါတယ်။

၁.မင်းရဲ့သစ်လွင်ခြင်းတွေနဲ့အတူ ကမ္ဘာသူကမ္ဘာသားတွေရဲ့ ကောင်းကျိုးဆန္ဒတွေ အားလုံးသစ်လွင် တောက်ပ နိုင်ပါစေ။

၂. မင်းကိုယ်တိုင်ကလည်း ကမ္ဘာသူကမ္ဘာသားအားလုံး အတွက် ကောင်းခြင်းမင်္ဂလာတွေ ဆောင်ကြဉ်း ပေးနိုင်ပါစေ။

၃.လူသားတွေ သေကြေပျက်စီးရတဲ့၊ ဆင်းရဲဒုက္ခရောက်ရတဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းနိုင်ပါစေ။

၎.လူသားတွေ ကြောက်ရွံကြတဲ့ ရောဂါဘယတွေ ၊သဘာဝဘေးအန္တရယ်တွေကို ကင်းစင်ပေး နိုင်ပါစေ။

၅.ကမ္ဘာ့စီပွားရေးကြီး အမြန်ဆုံး ပြန်လည်တည်ငြိမ်းပြီး၊ လူသားတွေအားလုံး ဆင်းရဲ ငတ်မွတ်ခြင်း ဘေးမှ ကင်းဝေး နိုင်ကြပါစေ။

၆.လူသားအကျိုး ပြုပညာရပ်များ ပိုမိုထွန်းကားနိုင်ပါစေ။

၇.လျော့ကျလာတဲ့ စွမ်းအင်တွေကို အမြန်ဆုံးပြန်လည် ဖြည့်တင်းနိုင်ပါစေ။

၈.ကမ္ဘာသူကမ္ဘာသားတွေအားလုံး နိုင်ထက်စီးနင်းမှုများ၊ မတရားသဖြင့် ချုပ်နှောင်မှုများမှ ကင်းဝေးနိုင်ကြပါစေ။

၉.တရားသဖြင့်သာယာဝပြောသော ကမ္ဘာမြေ အဖြစ်အရှည်တည်တံ့ခိုင်မြဲပါစေ။

၁၀.ငါ၏ဖေဖေနှင့် မေမေသည်လည်း စိတ်လက်ကျန်းမာ၊ ကိုယ်ချမ်းသာ နိုင်ပါစေ။

၁၁.ငါ၏ တစ်ယောက်သော သူသည်လည်း အရာခပ်သိမ်း အဆင်ပြေချောမွေ့ပြီး သာယာသော ဘ၀ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

နှစ်သစ်ရေ........ငါ၏တောင်းဆုတွေ ပြည့်ဝပါရစေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1