မနက်ဖြန်သာမရှိတော့ရင်

မနေ့က ဖြစ်ပါသည်။ ည (၁၀း၀၀) နာရီတွင် အိမ်မှာ လူစုံကြပြီ။ သူငယ်ချင်များ စုနေကြသဖြင့် အဆောင် သဘော ဖြစ်နေ၏။ ယခင်အခါမျာကတော့ အားလုံးဆုံပြီဆိုမှ ညစာချက်ပြုတ်၍ ၀ိုင်းဖွဲ့ စားသောက်ကြ၏။ ယခု မီးပျက်နေသည်။ ချက်ပြုတ်ရန် အခွင့်မသာ။ ထို့ကြောင့် အပြင်ထွက်၍ လက်ဖက်ရည် သောက်ကြသည်။ လက်ဖက်ရည်ဆိုင်မှာ လေကန်ကြသည်။ ပြောကြ၊ ဆိုကြ၊ စကြနောက်ကြရင်း မနက် (၁း၀၀)နာရီ ထိုးသွားပြီ။ အိမ်သို့ ပြန်လာကြသည်။တစ်ယောက်မှ အိပ်လို့မပျော်ကြသေး။ မီးပြန်လာပြီ။ ဗိုက်ကလည်း ဆာလာကြပြန်သည်။ ထို့ကြောင့် ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်ကို စကြ၏။ အဆင်ပြေသလိုချက်ပြီး အဆင်ပြေသလို စားကြသည်။ ဗိုက်စာနေတာ့လည်း စားလို့ကောင်းပင်။ စားရင်းသောက်ရင်း ကျွန်တော် စကားတစ်ခွန်း မေးဖြစ်၏။
“မနက်ဖြန်ဆိုတာ မရှိတော့ရင် ဒီနေ့ ငါတို့တွေ ဘာလုပ်ကြမလည်း။”

“အာ… ဒါဆိုရင်တော့၊ အိမ်ကို ဒီနေ့အမြန်ဆုံး မိန်းမတောင်းခိုင်ရမယ်” ကျွန်တော့်သူငယ်ချင်း ဂေါ်မစွံ လူပျိုကြီး၏စကား…. “၀ါး….ဟား…ဟား..ဟား” အားလုံးဝိုင်း ရယ်ကြ၏။


“ကျွန်တော့် ချစ်သူရဲ့ ပုခုံးကိုမှီပြီး တစ်နေ့လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချင်တယ်။” အလွန်ချစ်တတ်သော ကျွန်တော့်မိတ်ဆွေ ညီငယ်တစ်ယောက်၏ စကားပါ။ very romantic ပေါ့လေ Titanic ရုပ်ရှင်ကို အားကျ၍ ထင်ပါသည်။




“မနေ့ကလိုပဲ… သိပ်ပြီးထူးမယ်မထင်ပါဘူး။”
ခပ်အေးအေးနေတတ်သော သူငယ်ချင်းတစ်ယောက်၏ စကား။
“ဟား…ဟား၊ ငါံ့အတွက်ကတော့ ပွဲတော်ပဲပေါ့…။ မနက်လင်းကတည်းက ၁၉လမ်းမှာ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ စံမြန်းတော်မူမယ်ကွာ… ဟား…ဟား..ဟား” ပျော်တတ်သော သူငယ်ချင်း ယမကာလုလင်ကြီး၏ စကား။
“အေး… ငရဲပြည်မှာ grand မရဘူး…” တစ်ယောက်က ၀င်နောက်သည်။ “ကိစ္စမရှိဘူး ဘီအီးဆိုလည်း ဖြစ်တယ်’’ သူကလည်း ပြန်ပက်သည်။


“အားလုံးကိုတော့ လိုက်မေးနေတယ် …သူရိန် မင်းကကောဘာလုပ်မှာလည်း” …ဟုသူငယ်ချင်းတစ်ယောက် ကဆိုလာသည်။
“အင်း… ငါလုပ်ချင်တာတွေကတော့ များတယ်၊ ဒါပေမယ့် အကုန်လုံးလုပ်ဖို့မဖြစ်နိုင်တော့ဘူး။ နှစ်ခုတောင် ပြီးအောင် လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အားလုံးထဲက တစ်ခုပဲရွေးလိုက်တော့မယ်။” …ကျွန်တော် ဆေးလိပ် မီးညှိပြီး တစ်ချက်ရှိုက်လိုက်သည်။
“ငါသစ်ပင်တွေ စိုက်မယ်”


မနက်(၄း၀၀)နာရီခန့် ရှိပြီ။ အားလုံးဝိုင်းသိမ်း အိပ်ပျော်သွားကြပြီ။ ညတွေပျောက်ဆုံးနေသော ကျွန်တော် တစ်ဦးတည်းသာ……။ ဘာသာတွေးရင်း ..စဉ်းစားရင်း…နက်နက်ရှိုင်းရှိုင်း ဆုတောင်းလိုက်မိသည်။
“ငါမရှိတော့တဲ့ မနက်ဖြန်မှာ ရာသီဥတု မဖောက်ပြန်ပဲ… သာယာသောကမ္ဘာမြေ ဆက်လက် ရှင်သန်နိုင် ပါစေ……။”

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1