ဆယ်တန်းကျောင်သားများအတွက်ပါ.....


ဆယ်တန်းတွေလည်း စာမေးပွဲနီးလာ ပြီ။ ကျွန်တော်လည်း ဆရာတစ်ယောက်ဆိုတော့ စာမေးပွဲနီးတိုင်း ကလေးတွေအတွက် စိတ်ပူရစမြဲ။ ကနေ့ နည်းပညာတွေက အံ့မခန်းတိုးတက်လာပေမယ့် ကျွန်တော်တို့ဆီမှာကတော့ မြို့နေလူတန်းစားလောက်ကသာ တီးခေါက်မိရုံ၊ နယ်ကျောင်းသားတွေဆိုတာ အထူးပြောပြစရာလိုမယ်မထင်။ ကျွန်တော်ကိုယ်တိုင် ခေတ်နဲ့အညီ On Line Teaching လုပ်မယ်ဆိုပြီး အားထုတ်ခဲ့ပေမယ့် အလှမ်းဝေးနေဆဲ။ ဟယ်..... တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုပြီး အားတင်းပြီး ဆက်လက်ပြင်ဆင်နေဆဲ။ သူငယ်ချင်း တစ်ယောက်ကတော့ပြောတယ်။ ပုဂံကတော့ ဘယ်မှမရွေ့ဘူး။ ဒါပေမယ်တစ်နေ့ တစ်လံနဲ့တော့ မရတော့ဘူးကွတဲ့။ အင်း.....ဆရာပီပီ လေရှည်နေတာနဲ့ အဓီကပြောမှာတောင် မရောက်တော့ဘူး။ အခု ဆယ်တန်း ကျောင်သားများအတွက် Physics chapter10 နှင့် chapter 11 handout pdf လေးတွေ တင်ပေးလိုက်ပါတယ်။ကြိုက်သလိုယူသုံးနိုင်ပါကြောင်း။
Chapter-10
Chapter-11

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1