ဌာနေ

ကျွန်တော်က ရွှေတောင်သားတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် မွေးကတည်းက ရွှေတောင်မှာကြီးပြင်းလာခဲ့တာပါ။ ဒါ့ကြောင့် ရွှေတောင်က ကျွန်တော့်ရဲ့ Home Town ဆိုပါတော့။ ရွှေတောင် ဆိုတာက ပဲခူတိုင်းအနောက်ခြမ်း ပြည်ခရိုင်မှာရှိတဲ့ မြို့လေးတစ်မြို့ပါ။ ပြည်မြို့နဲ့ (၉)မိုင်ဝေးပါတယ်။ စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးပေါ်မှာ အားထားနေရဆဲပါ။ ယက်ကန်းလုပ်ငန်း၊ဆန်စက်နဲ့ အခြားအိမ်တွင်းစက်မှုလုပ်ငန်းတွေလည်း အနည်းငယ် ရှိပါတယ်။

ရွှေတောင်မှာ မြို့ပေါ်တန်ခိုးကြီးဘုရား (၃)ဆူရှိပါတယ်။ ရွှေပြောင်ပြောင်၊ချမ်းသာကြီး နဲ့ ရွှေမျက်မှန်ဘုရားတို့ ဖြစ်ပါတယ်။ ကမ္ဘာသိကျော်ကြား လူသိများတဲ့ဘုရားကတော့ ရွှေမျက်မှန်ဘုရားပဲ ဖြစ်ပါတယ်။ မျက်မှန်တော် တပ်ဆင်ထားလို့ပါ။ မျက်စိဝေဒနာရှင်တစ်ဦးက လှူဒါန်းခဲ့တာပါ။ ကမ္ဘာပေါ်မှာ မျက်မှန် တပ်ဆင်ထားတဲ့ တစ်ဆူတည်းသော ဘုရားပေါ့ဗျာ။ ကြုံကြိုက်ရင် ၀င်ရောက်ဖူးမျှော်ကုသိုလ်ယူ ကြပါလို့ တိုက်တွန်းပါရစေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1