မြွေ


အကြေးခွံအထပ်ထပ်နဲ့
အရိုးလို လို့ အသားတောင်းခဲ့ဘူးတယ်
ဘယ်လောက်နက်နက် တွားသွားဖို့ ၀န်မလေးခဲ့တဲ့ ကောင်ပါ
တစ်ခါတစ်ရံ
ကိုယ့် ထောင်ချောက်နဲ့ကိုယ်
တစ်ခါတစ်ရံ
ကိုယ့် အဆိပ်နဲ့ ကိုယ်
အလူးအလဲ ရုန်းကန် ပြေးလွှားခဲ့ဘူးတယ်
အစားတစ်လုပ်အတွက်
ဦးခေါင်းကို မရဏမင်းထံ ပေါင်နှံဘူးတယ်
ဝမ်းမီးငြိမ်းတော့
အတိုးတစ်ဝက် အရင်းတစ်ဝက်နဲ့
ကိုယ့်ဘက်မှာ နှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက်ပဲ ကျန်ခဲ့
ကြည့်မှန်တစ်ချပ်လို နေထိုင်ခဲ့တာပါ
သူ့ကောင်းရင် . . .
ကိုယ်ခေါင်းမရွှေ့ပါဘူးလေ . . .။ ။

တပည့်လေးတစ်ယောက် ရေးထားတာပါ။
ခံစားမိလို့ ကူးယူဖေါ်ပြလိုက်ပါတယ်။

1 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1