မေမြို့ သို့မဟုတ် ပြင်ဦးလွင်

လွန်ခဲ့တဲ့ ၂လလောက်က ကျွန်တော်အလုပ်တာဝန်နဲ့ ပြင်ဦးလွင်မြို့မှာ နေခဲ့ရပါတယ်။အတော်သာယာတဲ့ မြို့လေးတစ်မြို့ပါပဲ။ နွေရာသီ အပန်းဖြေမြို့ကလေးပေါ့ဗျာ။ ရောက်တုန်းရောက်ခိုက် ကျွန်တော်လည်း ထင်ရှားတဲ့ နေရာတွေကို လည်ခဲ့ပတ်ခဲ့သေးရဲ့။



ဒါကတော့ လားရှိုးကလာရင် ပြင်ဦးလွင်မြို့ကိုမရောက်မီ ရေငယ်ရွာ မှာရှိတဲ့ မဟာအံ့ထူးကံသာ ရုပ်ပွားတော်ဖြစ်ပါတယ်ယ်။



ဒါကတော့ ပြင်းဦးလွင်နဲ့ နောင်ချိုမြို့ နယ်စပ် ၀က်ဝံကျေးရွာမှာ ရှိတဲ့ ပိတ်ချင်းမြောင်လိုဏ်ဂူ အနီးက ၃ဆင့်ရေတံခွန်ပါ။



ဒါကတော့ B.Eသို့ မဟုတ် ပွဲကောက်ရေတံခွန် ရယ်လို့ကျော်ကြားတဲ့ ရေတံခွန်ပါ။ လားရှိုးကလာရင် ပြင်ဦးလွင်မြို့ကိုမရောက် မီရေငယ်ရွာ အနီးမှာရှိပါတယ်။



ဒါကတော့ ပြင်ဦးလွင်ကို လာလည်ကြတဲ့သူတိုင်း သွားလေ့သွားထရှိတဲ့
တရုတ်ဘုံကျောင်းပါ။အလွန်သာယာ လှပတဲ့ နေရာလေးတစ်ခုပါပဲ။




ဒါကတော့ ပြင်ဦးလွင်မှာ နာမည်ကျော်ကြားလှတဲ့ ကန်တော်ကြီးအနီးက ရုက္ခဗေဒဥယျာဉ်ပါ။



ဒါကတော့ ရထားလုံးလို့ ခေါ်ကြပါတယ်။

တစ်ခါတစ်ခေါက် အခွင့်အခါသင့်ရင် သွားရောက် လေ့လာကြည့်စေချင်ပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1