Template ပြောင်းလိုက် ပြန်ပါပြီ


မနှစ်ကတော့ မကြာခဏ template တွေ ပြောင်းတယ်။ နောက်တော့ melano ဆိုတဲ့ template လေးကို သဘောကျတာနဲ့ မပြောင်းမလဲ ထားခဲ့တယ်။ ဒါပေမယ့် template မှာ script တွေ များနေလို့ loading နှေးတာနဲ့ မကြိုက်ဘူး ဖြစ်နေတာကြာပြီ၊ ပြင်ရမှာလဲ ပျင်းနေလို့ မပြင်ပဲထားတယ်။ အစ်မ ခင်ဦးမေဆို ခဏခဏပြောတယ်။

အခုတော့ တစ်နှစ်ကူးသွားပြီဆိုတော့ template အဟောင်း မသုံးချင်တော့တာနဲ့ ပြင်လိုက်ပါတယ်။ နဲနဲပေါ့သွား သလိုတော့ ခံစားမိတယ်။ အမြင်လည်းရိုးရှင်းတယ်လို့ ထင်မိတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာ ဒီဇိုင်းသစ် လေးတော့ ဖြစ်သွားပြီပေါ့။ ဒီနေရာလေးကပဲ ယူလိုက်ပါတယ်။ template တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားရင် သွားလေ့လာကြည့်ပါ။ လာရောက် အချိန်ပေးသွားသော ကျွန်တော့် မိတ်ဆွေအားလုံး နှစ်သစ်မှာ ကျန်းမာပျော်ရွှင် ပါစေကြောင်း ဆုတောင်းပါတယ်။

ဆက်လက်ပြီးရန်တွေဖြစ်ကြ၊ မကျေနပ်တာတွေ ပေါက်ကွဲကြ၊ ကျေနပ်တာတွေ ချရေးပြ၊ သိတာတွှေမျှဝေကြရင်း 2010ကို မျှော်လင်းခြင်းများစွာနဲ့ ဖြတ်သန်းကြပါဦးစို့။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1