Synchronizing

ကျွန်တော် နားလည်တာကတော့ မတူညီသော စနစ်အမျိုးမျိုးကို တူညီသော စံနှုန်းတစ်ခုအောက်မှာ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးခြင်းလို့ အကြမ်းပြောရမလား။ တခြားအဓိပ္ပါယ်တွေလဲ ရှိမှာပါ။ ကျွန်တော်တို့ အလုပ်တစ်ခုကို ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ စနစ်တစ်ခုနဲ့ တစ်ခု၊ လူတစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်လေ။ ဒါပေမယ့် synchronism ရှိရင် အလုပ်ဖြစ်ပါတယ်။ ဘာသာမတူတာ ဘာအကြောင်းလဲ၊ ကိုးကွယ်မှု မတူတာ ဘာအကြောင်းလဲ။ စနစ်တွေမတူတာ ဘာအကြောင်းလဲ။ synchronized ဖြစ်ဖို့ပါပဲ။

ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ပွဲပြဇာတ်လေး ကိုပြန်သတိရမိတယ်။ ဇာတ်လမ်းမှာ လူဆိုးဗိုလ်ကြီးပေါ့။ သူရဲ့လက်အောက် ငယ်သားက သစ္စာဖောက်လို့ သေနတ်နဲ့ ပစ်သတ်မယ်။ အားလုံးကိုလည်း စံပြဖြစ်သွားအောင် အားလုံးရဲ့ရှေ့မှာ ပစ်သတ်ပြမယ်ပေါ့။ အဲဒီတော့ သစ္စာဖေါက်ကို ကြိုးတုပ်ထိုင်ခိုင်း ဟိုပြော၊ဒီပြော ပြောပြီးတော့ သတ်မယ်ပေါ့ ပါးစပ်ကားလည်း ကဲသွားပေတော့ ပြောပြီး၊ သေနတ်ကို ဇတ်ခနဲ ထိုးချိန်လိုက်တော့ အချိန်ကိုက် ပေါက်ကွဲရမယ့် ယမ်းကအသံ မမြည်လေတော့ ရုတ်တရက် ကြောင်သွားတာပေါ့။ ဒါပေမယ့် ပွဲက,လာတာ အံတိုနေပြီလေ.....။ ဟား၊.....ဟား....ဟား.... သိပ်ကြောက်နေပြီလား။ မင်းကို ဒီလိုသတ်ရမှာ အရသာ မရှိလိုက်တာ ဟေ့ကောင်တွေ ပြန်ပြီးအချုပ်ခန်းထဲ ထည့်ထားလိုက် စသဖြင့်ပေါ့။ ခပ်တည်တည် အရှက်မကွဲရ လေအောင် သရုပ်ဆောင်ရင်း သေနတ်ကို ဘောင်ဘီမှာ ပြန်ထိုးလိုက်ချိန် ယမ်းက ထကွဲပါလေရော..... :P:grin: :lol:

A, B, C နဲ့ အလှည့်ကျပေးမယ်။ အချိန်ပြည့် မရနိုင်တော့ဘူး။ နားလည်ပါတယ်။ အလှည့်ကျ ဆိုတော့လည်း အလှည့်ကျပေါ့။ ကိုယ်လုပ်ရမယ့် အလုပ်တွေကိုလည်း A, B, C နဲ့ synchronize လိုက်လုပ်ရတာပေါ့။ တစ်ရက် နှစ်ရက် ဟုတ်သလိုပဲ။ အခြေအနေတရပ်ကို တရက်နှစ်ရက် ဆောင်ရွက်နိုင်ရုံနဲ့ တည်ငြိမ်တယ်လို့ ပြောနိုင်ပါ့မလား။ ဒီတော့လည်း ပွဲက,လာတာ ကြာပြီ။ ဟန်ကိုယ့်ဖို့ အဆင်ပြေအောင် synchronize လိုက်လုပ်နိုင်အောင် ကြိုးပမ်းရတယ်။ ပင်ပန်းအလုပ်ရှုပ်ပေမယ့် မလုပ်လို့မှ မရတာလေ။ ဒါပေမယ့်လဲ ကျွန်တော်တို့ရဲ့ system ကြီးမှာ ဘာကို standard ယူပြီး ဘယ်လိုလုပ်ရမှန်း မသိလောက်အောင် ရွေ့လျှားချင်သလို ရွေ့လျှားနေလေတော့ ဘောင်ဘီထဲ သေနတ်ပြန်မထိုးမိအောင်ပဲ ကြိုးစားနေရပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1