အဘိဓါန် software များ

ကျွန်တော်ဆီကို Dictionary ရှာရင်းနဲ့ တော်တော် ရောက်လာကြပါတယ်။ အများစုကတော့ မြန်မာအင်္ဂလိပ် အဘိဓါန်ကို လိုချင်ကြပါတယ်။ အခု ပညာရေး ၀န်ကြီးဌာနကလည်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ download ရှာမတွေ့သေးဘူး။ ကိုစိုးမင်းလုပ်ထားတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓါန်လေး ကိုတော့ ဒီနေရာမှာ ပြန်လည်မျှဝေ ပေးဘူးတယ်။ အခုလည်း သုံးလို့ကောင်းတဲ့ အဘိဓါန်လေးတွေ တင်ပေးလိုက်ပါတယ်။ မြန်မာ-အင်္ဂလိပ်တော့ မဟုတ်ပါဘူး။ English to English ပါပဲ။ Pronunciation လဲ ပါတယ်။ Definition တွေ ဖွင့်ပြတာလဲ လွယ်ပါတယ်။ ကွန်ပြူတာ သုံးနေသူတိုင်း ဆောင်ထား သင့်တယ်လို့ ထင်ပါတယ်။

ဒါကတော့ Merriam-Webster Dictionary ပါ။ သုံးရတာ အဆင်ပြေပါတယ်။ Entry Words 30000 ကျော် ပါဝင်ပါတယ်။




ဒါကတော့ Concise Oxford English Dictionary ပါ။ သူကတော့ ပုံမှာတွေ့ရတဲ့ အတိုင်းပါပဲ။ Entry Words ပိုများပါတယ်။ sound icon ပေးထားပေမယ့် ကျွန်တော် သုံးကြည့်တာတော့ မရဘူးဗျ။ သူကတော့ portable ပါ။ သုံးလို့ကောင်းပါတယ်။

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. လာအားပေးသွားတယ်။ ကျေးဇူးနော်။ ကျနော်လည်း ဆယ်တန်းခလေးတွေကို စာသင်ဖူးတယ်ဗျ။ တစ်နှစ်တည်းပါ။ ကုသိုလ်ဖြစ်၊ သူတို့အောင်သွားတော့ အရမ်းဝမ်းသာတယ်။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1