

မနက်ဖြန်ဆို ပရီးမီယားလိဂ် ထိပ်သီးနှစ်သင်းရဲ့ ရာသီကြိုအားစမ်းပွဲလို့ ပြောလို့ရတဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲကြီး ကတော့ စတော့မယ်။ ဘယ်သူကသာမလဲ...။ ဘယ်သူက ပိုကောင်းလဲ ပြောလို့မရနိုင်ဘူး။
နည်းပြသစ်နဲ့ ရာသီသစ် ကိုစတင်မယ့် ချဲလ်ဆီးဟာ စကိုလာရီလက်ထက်ကလဲ အဖွင့်ကောင်းခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ ရလဒ်တွေ ကျဆင်းခဲ့တာကြောင့် ဟင့်ဒစ်ကိုခေါ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ရတဲ့ အထိပါပဲ။ ဒီနှစ်လဲ ရာသီသစ်မှာ နည်းပြသစ်နဲ့ စတင်ခဲ့ ပြန်ပါပြီ။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် ကတော့ ကလပ်အသင်း နည်းပြမှုမှာ ပိုပြီးအောင်မြင်မှုရှိတဲ့ အန်စလော့တီရဲ့ လက်အောက်မှာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားဟန် တွေကို မြင်ရတော့မှာ ဖြစ်ပါတယ်တဲ့။ လက်ရှိချဲလ်ဆီးရဲ့ ဒိုင်းမွန်း ကစားကွက်ကတော့ ရာသီကြိုပွဲတွေမှာ တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။
မန်ယူအနေနဲ့ကတော့ စီရော်နယ်ဒို မရှိတဲ့မန်ယူ အသင်းဟာ အားလျော့သွား နိုင်တယ်လို့ ပြောနေကြပေမယ့် ရာသီကြို ခြေစမ်းပွဲတွေမှာတော့ အရှုံးလုံးဝမရှိခဲ့တာ သတိပြုစရာပါ။ ကစားသမားအသစ် သုံးဦးနဲ့ လူငယ် ခြေတက်တွေကို အားဖြည့်ထားတဲ့ မန်ယူမန်နေဂျာကြီးကလဲ မန်ယူမှာစီရော်နယ်ဒို မရှိလဲ ဖြစ်ပါတယ်လို့ ရဲရဲဝံ့ဝံ့ ကြွေးကြော်နေလေရဲ့။ အော်ဒီဖလားပွဲမှာ ဒဏ်ရာရသွားလို့ ဂိုးသမား ဗန်ဒါဆားကြီး မပါဝင်နိုင်ပေမယ့် ဖော်စတာ ကလည်း လက်စွမ်းမငယ်ဘူးလို့ ထင်ပါတယ်။
ကဲ... ကွန်မြူနတီဒိုင်းကို ဘယ်သူယူမှာလဲ...။ ကျွန်တော်ကတော့ မန်ယူပဲ။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့