အချိန်တွေကုန်တာ မြန်တယ်

အချိန်တွေကုန်တာ မြန်တယ်။ ဘာကိုမှ ပြီးဆုံးအောင် မဆောင်ရွက်နိုင်သေးဘူး။ သိချင်တာတွေ များနေ သေးတယ်။ အကုန်မသိနိုင်ဘူးလေ။ တစ်ခုတည်းကိုတောင် မသိနိုင်ပါဘူး။ မြင်နေတာတွေ အများကြီး၊ ဖြစ်လာတာတွေလည်း အများကြီးပါ။ ပျက်သွားတာတွေလည်း များလှတယ်။ တစ်ချို့ကတော့ နေ့မြင်ညပျောက်ပဲ။ ဒါသင်္ခါရပဲ။ မတည်မြဲခြင်းဆိုတာ အမြဲရှိတယ်လို့ ဘုရားဟောခဲ့တာပဲ။
ငါသံဝေရတွေရလို့ တရားတွေ ရနေတာလား။ မထင်ပါဘူး။ ရောင့်ရဲတတ်တဲ့စိတ်ကို မွေးမြူတတ်ဖို့လိုသေးတယ်။ ပျင်းတတ်လာတာလား။ လုပ်ချင်တာ လုပ်နေတတ်တုန်းပဲ။ စီမံခန့်ခွဲမှု ညံ့နေတယ်လို့ ပြောရမလား။ ဒါမှမဟုတ် ထိန်းချုပ်မှု အားနည်း တာလား။ လိုနေသေးတာတော့ အမှန်ပဲ။
တကယ်တော့လည်း ဘယ်အရာကမှ ဘာမှ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဘာမှမဟုတ်တာတွေ အားလုံးပဲ လို့ပြောရမှာလား။ သူရိန်… မင်းကြောင်တောင်တောင်တွေ တွေးတတ်တာ ကြာပြီ။ ဘာမှမလုပ်ပဲ အိပ်ရေးတွေပျက်လို့ ဖြစ်မယ်။ အချိန်တွေ မဖြုန်းနဲ့၊ အိပ်တော့။ အချိန်တွေကုန်တာ မြန်တယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1