ပယ်နယ်တီနဲ့ ရှုံးသွားပြီ


ဒီနေ့ ပရီးမီးယားလိဂ် အကြို ကွန်မြူနတီဒိုင်းပွဲ ကန်သွားပြီ။ ပွဲမစခင် ဘော်ဘီရော့ဘ်ဆန် ကွယ်လွန်မှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ် အနေနဲ့ ငါးမိနစ် ငြိမ်သက်ခဲ့တယ်။

အန်စလော့တီ ကတော့ပွဲဦးထွက် လှသွားပြီပေါ့။ မန်ယူ(2)-(2)ချဲလ်ဆီး (ပယ်နယ်တီ ကန်သွင်းတော့ ချဲလ်ဆီး က 4-1 နဲ့ ) 2009-2010ရဲ့ ရာသီအဖွင့်မှာ ချဲလ်ဆီးတို့ အောင်ပွဲခံ သွားခဲ့ပြီ။ ကစာအား ကောင်းကောင်းနဲ့ ချဲလ်ဆီးတို့ ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် မန်ယူက ကစားကွက် ပိုကောင်းတယ်။






ပထမပိုင်း မန်ယူကောင်းတယ်။ နာနီ 10 မိနစ်မှာ အဖွင့်ဂိုးကို ထောင့်ဖြတ်ကန်သွင်း ယူခဲ့တယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ပါဝါအားကိုးနဲ့ ခပ်တင်းတင်း ကစားတယ်။ မန်ယူဂိုးသမား ဖော်စတာ မစွံဘူး။ ဘာဘာတော့ဗ်လဲ ခုထိချေမပေါ် သေးဘူး။ ဖော်စတာရဲ့ မှားယွင်းမှုကနေ ကာဗယ်ဟို ချေပဂိုးသွင်းတယ်။ ဘောလက် အီဗရာကို လူချကစားတဲ့ အချိန် မန်ယူရဲ့ ကစားကွက် ချော်နေတာကို အခွင့်ကောင်းယူပြီး လမ်းပတ်က ဒုတိယဂိုး သွင်းသွား တယ်။ မန်ယူရှုံးပြီလို့ ထင်ထားရာက အပိုချိန်မှာ ရွန်းနီလူကျွံ အနေအထားက ချေပဂိုး သွင်းသွားတယ်။ သရေပွဲ နဲ့ အဆုံးသတ် သွားတော့ ပယ်နယ်တီ ကန်သွင်းရာမှာ မန်ယူနှစ်လုံးလွဲချော် သွားတော့ ချဲလ်ဆီးတို့ ဒိုင်းယူသွား နိုင်ခဲ့တယ်။

ရွိုင်ယန်ဂစ် ကောင်းတယ်။ 15 မိနစ်လောက် ကစားရပေမယ့် ခြေစွမ်းပြသွားတယ်။ ဘာဘာတော့ဗ် ခြေမပေါ်ဘူး ရွန်းနီ striker စစ်စစ် ကစားဖို့အခြေအနေ မပေးဘူး။ ပတ်ဂျီဆန်ကောင်းပေမယ့် ကစားအား ကျသွားပြီ။ ဗီဒစ်မရှိတဲ့ နောက်တန်း အားနည်း လှတယ်။

နာနီ ဒဏ်ရာရသွားပြန်ပြီ။ ဟူး...... မန်ယူ....ချန်ပီယံဘွဲ့ ဆက်ထိမ်း နိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1