
ဒီနေ့ ပရီးမီးယားလိဂ် အကြို ကွန်မြူနတီဒိုင်းပွဲ ကန်သွားပြီ။ ပွဲမစခင် ဘော်ဘီရော့ဘ်ဆန် ကွယ်လွန်မှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ် အနေနဲ့ ငါးမိနစ် ငြိမ်သက်ခဲ့တယ်။


ပထမပိုင်း မန်ယူကောင်းတယ်။ နာနီ 10 မိနစ်မှာ အဖွင့်ဂိုးကို ထောင့်ဖြတ်ကန်သွင်း ယူခဲ့တယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ပါဝါအားကိုးနဲ့ ခပ်တင်းတင်း ကစားတယ်။ မန်ယူဂိုးသမား ဖော်စတာ မစွံဘူး။ ဘာဘာတော့ဗ်လဲ

ရွိုင်ယန်ဂစ် ကောင်းတယ်။ 15 မိနစ်လောက် ကစားရပေမယ့် ခြေစွမ်းပြသွားတယ်။ ဘာဘာတော့ဗ် ခြေမပေါ်ဘူး ရွန်းနီ striker စစ်စစ် ကစားဖို့အခြေအနေ မပေးဘူး။ ပတ်ဂျီဆန်ကောင်းပေမယ့် ကစားအား ကျသွားပြီ။ ဗီဒစ်မရှိတဲ့ နောက်တန်း အားနည်း လှတယ်။
နာနီ ဒဏ်ရာရသွားပြန်ပြီ။ ဟူး...... မန်ယူ....ချန်ပီယံဘွဲ့ ဆက်ထိမ်း နိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့