အလုပ်တစ်ခု ရှာနေသလား၊ ဘွဲ့တစ်ခု ရချင်တာလား၊ မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller dance ကို လေ့လာချင် တာလား။ Web ပေါ်မှာရှိတဲ့ စာသင်ခန်းတွေ၊ ဗွီဒီယိုတွေ၊ သင်ခန်းစာတွေ၊ ကျူတိုရီရယ်တွေက ခင်ဗျားကို ကူညီ နိုင်ပါတယ်၊၊ ဘယ်လိုလုပ်ရမလဲ ဆက်ဖတ်ကြည့်ပါ။
ကျူတိုရီရယ်တွေ လေ့လာစရာ သင်ခန်းစာတွေ အရာအားလုံးနီပါးကို ဒီကနေ့ online ပေါ်မှာ ရနိုင်ပါပြီ။ ခင်ဗျားဟာ ကိုယ့်ရဲ့လုပ်ငန်းအတွက် နည်းပညာသစ်တွေ၊ လေ့လာစရာ အသစ်တွေ၊ ရှာချင်တယ်၊ အလုပ်တစ်ခုကို စောင်ဆိုင်းရင်း ဘွဲ့တစ်ခု ရယူလိုချင်သေးတယ်၊ ဆိုရင် Web ဟာ ပညာရပ်တွေ အတော် များများရဲ့ ရင်းမြစ် ပါပဲ။ အဲဒီမှာ တော်တော်များများကို အခမဲ့ရနိုင်တယ်လေ။

ခင်ဗျားအလုပ်တစ်ခု လုပ်မယ်လို့ စိတ်ကူးနေလား၊ ဒါဆိုရင် ၀င်ငွေရအောင် ဘယ်လိုလုပ်မလဲ။ အစီအစဉ်တွေ ရေးဆွဲရတော့မယ်။ ခင်ဗျားရဲ့ ကိုယ်ပိုင်ငွေကို ဘယ်လိုသုံးစွဲမလဲ၊ ရင်နှီးမြုတ်နှံသူတွေကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာ ခင်ဗျားရေးဆွဲထားတဲ့ အစီအစဉ်မှာ မရှိမဖြစ် အရေးပါတဲ့ အချက်တွေပေါ့။ ဒါဆိုရင် PaloAlto Software ကိုသုံးထားတဲ့ BPlans.com က ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့ ဆောင်းပါးတွေ၊ အစီအစဉ်တွေ၊ တန်းပလိတ် တွေက ခင်ဗျားကို ကူညီပါလိမ့်မယ်။ ဒီဆိုက်ကတော့ ခင်ဗျားလုပ်ငန်းအတွက် အလွန်အရေးပါတဲ့ အချက်အလက် အမြောက်အမြားကို အခမဲ့ထောက်ပံ့ ပေးထားပါတယ်။ ဒီ simple plan တွေကို Word နဲ့ Excel ကို သုံးပြီး ရိုးရိုးရှင်းရှင်း ပြုပြင်ဆောင်ရွက် နိုင်ပါတယ်။
ခင်ဗျားစီးပွားရေး လုပ်ပြီဆိုတာနဲ့ ခင်ဗျား ငွေကြေးဆိုင်ရာ မှတ်တမ်းတွေ ထားရှိရတော့မှာ အသေအချာပါပဲ။ ဒီအခါမှာ Quickbooks လို software မျိုးကို ခင်ဗျားသုံးနေတယ် ဆိုရင်တောင် ခင်ဗျားအနေနဲ့ အခြေခံ Accounting ကိုတော့ နားလည်ထားရတော့မယ်။ အဲဒီအတွက် စီးပွားရေး လုပ်ငန်းငယ်တွေအတွက် အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေတဲ့ Dave Marshall ရဲ့ Bean Counter ဆိုက်က basic business accounting နဲ့ book-keeping အတွက် အခမဲ့သင်ခန်းစာတွေ ရယူနိုင်ပါတယ်။
လုပ်ငန်းတော်တော်များများမှာ ကိုယ့်လုပ်ငန်းနဲ့ ပါတ်သက်ပြီး presentation တွေပြဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ခင်ဗျားမှာ Microsoft's PowerPoint နဲ့ပါတ်သက်ပြီး ဗဟုသုတရှိဖို့ လိုအပ်လာပြီပေါ့။ ဒါကို About.com's Presentation Software ဆိုက်က ကျူတိုရီရယ် ၁၁ခုကို စုစည်းထားတဲ့ Beginner's Guide to PowerPoint က ခင်ဗျားကို ကူညီပေးနိုင်ပါလိမ့်မယ်။

Website တစ်ခု ဖန်တီးပြီးတဲ့အခါ ကိုယ်ရဲ့ဆိုက်ကို လူကြည့်များလာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ လိုအပ်လာပြန်ပြီပေါ့။ အရေးအကြီးဆုံး အချက်ကတော့ user တစ်ယောက်ဟာ သူသိချင်တာကို Search Engine မှာ ရှာဖွေလိုက်တဲ့အခါ ကိုယ်ရဲ့ Site ကို အရင်ဆုံးတွေ့ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး Search Engine မှာ ထိပ်ဆုံး ရောက်အောင် ဖန်တီးတာကို search engine optimization (SEO) လို့ခေါ်ပါတယ်။ ဒါကိုတော့ SEOmoz's free Beginners Guide က ကူညီပေးနိုင် ပါလိမ့်မယ်။
ဆက်ပါဦးမည်။
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့