၁၉ဂျူလိုင် မမေ့နိုင်


ဘာလိုလိုနဲ့ မနက်ဖြန် အာဇာနည်နေ့ ရောက်ပြီကော၊ ငယ်ငယ်တုန်းက ကျောင်းသားဘ၀ကို မှတ်မိသေးရဲ့။ အဲဒီနေ့ဆို တစ်ကျောင်းလုံး ကျောင်းသားတွေ တန်းစီလို့ အာဇာနည်ကျောက်တိုင်မှာ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ကြတာ။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဘာတွေညာတွေ ဘာမှ မသိသေးပေမယ့် အဲဒီနေ့ဆို ကြက်သီး မွေးညင်းတွေထ၊ ရေဒီယိုကလာတဲ့ ဗိုလ်ချုပ်ရဲ့ မိန်းခွန်းတွေ နားထောင် ရင်း ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀တွေ။

အာဇာနည်နေ့ မတိုင်ခင်ကတည်းက ကျောင်းမှာလည်း အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ ကျင်းပရင် အားတက်သရော ၀င်ပြိုင်ပြီး ဆုရရင်ရင်လည်း ပျော်ရွှင်ကြည်နူးခဲ့ရတာတွေ မှတ်မိ သေးရဲ့။

သြော်.... ဗိုလ်ချုပ်တို့ ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီကော။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1