ဒီနေ့

ဒီနေ့ကျောင်းမှာ စုပေါင်းဝါဆို သင်္ကန်းကပ်တယ်။ ကျောင်းခန်းကျဉ်းလို့ ဘုန်းကြီးကျောင်းက ဓမ္မာရုံမှာပဲ လုပ်တယ်။ နံနက် အာရုံးဆွမ်း ကပ်တယ်။ ပြီးတော့ ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့စားကြတယ်။ ပြီးတော့ ပြီးခဲ့တဲ့ လပါတ်စာမေးပွဲမှာ ထူးချွန်ဆုရ ကျောင်းသားတွေကို ဆုပေးတယ်။

မနှစ်က ကျောင်းသားဟောင်းတွေ ရောက်လာတယ်။ အသစ်တွေ၊ အဟောင်းတွေ ကလေးတွေတရုံးရုံး၊ ပျော်စရာလဲ ကောင်းတယ်၊ အာရုံလည်း နောက်တယ်။

ဆုပေးပွဲပြီးတော့ သင်္ကန်းကပ်တယ်။ ကျောင်းထိုင်ဆရာတော်က ငါးပါးသီလ ပေးတယ်။ လက်ထောက် ကျောင်းထိုင် ဆရာတော်က တရားဟောတယ်။ ၀ါဆိုသင်္ကန်း ကပ်လှူရခြင်း အကျိုးကျေးဇူးတွေ ရှင်းပြတယ်။ ပြီးတော့ရေစက်ချ အမျှဝေတယ်။ အမျှဝေတော့ မိဘ၊ဆရာသမား ဆွေမျိုးမိတ်ဆွေ ဝေနေယျသတ္တ၀ါ အပေါင်းကို ရည်စူးပြီး အမျှဝေတယ်။ တကယ်ပါ ဘလော့ဂါမိတ်ဆွေ အပေါင်းကိုလည်း သတိတရ အမျှဝေခဲ့ပါတယ်။ သာဓုခေါ်ပေးပါ။ အားလုံးပြီးတော့ ၁၀း၃၀ နာရီ။

နေ့ဆွမ်း ဆက်ကပ်တယ်။ ကျောင်းသားတွေ ပြန်သွားကြတယ်။ သံဃာတွေ ဆွမ်းစားပြီးတော့ ဘုန်းကြီး ကျောင်းမှာပဲ နေ့လည်စာ စားဖြစ်တယ်။ အားလုံးပြီးတော့ ပြန်လာ ခဲ့တယ်။ ပင်ပန်းသွားပြီ။ ဒါပေမယ့် စိတ်ကြည်နူးပါတယ်။ လာဖတ်သူ မိတ်ဆွေလည်း ပျော်ရွှင်ပါစေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1