အိုဝင် မန်ယူအတွက် ဂိုးစသွင်းပြီ။


မန်ယူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာတဲ့ အိုဝင်ဟာ သူရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာပဲ မန်ယူအတွက် ဂိုးစသွင်းပေးခဲ့ပါပြီ။ မန်ယူရဲ့ အာရှခရီးစဉ် မလေးရှား all star အသင်းနဲ့ ခြေစမ်းပွဲမှာ အရန်ခုံးကနေ ၆၁မိနစ်မှာ ရွန်နီနေရာကို အစားဝင်းလာပြီး ပွဲပြီးဖို့ ၅မိနစ်အလိုမှာ မန်ယူအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်ယူအတွက် ၉မိနစ်နဲ့ ၂၇မိနစ်မှာ ရွန်းနီ နဲ့ နာနီတို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပြီး ပထမပိုင်း ၄၅မိနစ်မှာ all star အသင်းက မိုဟာမက် အန်မရီ ယာယာက ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၅၄မိနစ်မှာ မိုဟာမက် အန်မရီ ယာယာကပဲ ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့ပြီး သရေရလဒ်နဲ့ အဆုံးသတ်မယ် လို့ထင်ခဲ့တာ ၈၅မိနစ်မှာ အိုဝင်ရဲ့ အနိုင်ဂိုးကြောင့် မန်ယူပရိတ်သတ်တွေ ပျော်ရွှင်ခဲ့ရပါပြီ။

အိုဝင်ဟာ နေရာလွတ်ကို အမြဲရှာဖွေတတ်ပြီး ရရှိလာတဲ့ အခွင့်အရေးကို ဂိုးတွေအဖြစ် အဆုံးသတ်နိုင်သူ တစ်ယောက်ပါ လို့ မန်နေဂျာကြီး ဖာဂူဆန်ကတော့ ချီးကျူးခဲ့ပါတယ်။

ဒီပွဲကို ပရိတ်သတ် ၈၅၀၀၀ လာရောက်ကြည့်ရှု ခဲ့ပါတယ်။ မန်ယူဟာ ဗုံးပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှားခရီးစဉ် ပျက်ပြယ်ခဲ့ရာ မလေးရှား all star အသင်းနဲ့ ဒုတိယပွဲကို တနင်္လာနေ့မှာ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။
Cheer Owen! Take your goals again!

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1