မနေ့ကလိုပဲ မထူးခြားခဲ့ပါဘူး။ သူငယ်ချင်းက ပြောတယ် ဘုရားသွားရအောင်တဲ့။ မနေ့ကပါ။ ဘာလို့လဲ ဆိုတော့ မနက်ဖြန် ၀ါဆိုလပြည့်နေ့လေတဲ့။ မလိုက်ဘူးဗျာ.. ဆိုတော့ ဘာဖြစ်လို့လဲတဲ့ နေ့ထူးနေ့မြတ်မှ ဘုရားကို သတိရတာ ကောင်းသလား တခြားနေ့ သွားလဲရတာပဲဆိုတော့ မင်းကတော့ ခွတီးခွကျနဲ့ ဘယ်တော့မှ ပြောလို့ ရမယ့်ကောင် မဟုတ်ဘူးတဲ့။
အင်း...ဟုတ်မှာပဲ...။ ပြောလို့သာပြောတာ သူကတော့ မနက်စောစော ဘုရားရောက်ပြီး၊ ပြန်တောင် ရောက်လာပြီ။ အခုမှ အိပ်ရာနိုးတယ်။ နာရီကြည့်လိုက်တော့ 11:30 am ။ ဗိုက်ကဆာလာပြီ။ မီးမလာဘူး။ ရေကတော့ ရှိသေး တယ်။ ညကတင်ထားလို့။ ရေချိုးပြီး မနက်စာကို ကြုံသလိုရှင်း... နေ့တစ်ဝက် ကုန်သွားပြီ။
အင်း...ခွကျတာ မကောင်းဘူး၊ စကားနိုင်လုချင်တာ မကောင်းဘူး။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့