သို့.......အမေ

ပြာသိုလပြည့်နေ့က အမေများနေ့တဲ့။

အမေရေ... ကျွန်တော် ပွင်ပွင့် လင်းလင်းဝန်ခံပါရဲ့။

ကျွန်တော်အဲဒီနေ့က အမေနေ့ မှန်း သတိမရခဲ့ပါဘူး။

ငယ်ငယ်ကတည်းက ပညာတတ် တစ်ယောက်ဖြစ်ဖို့ အားပေးခဲ့တဲ့အမေ....

ကိုယ်အတွက် ဆိုတာဘယ်တော့မှ မစဉ်းစားခဲ့ပဲ သားသမီးတွေ အတွက် အမြဲရှေ့တန်းတင်ခဲ့တဲ့ အမေ...

ကျွန်တော့် အခက်အခဲမှန်သမျှ အမြဲဖြေရှင်းပေးဖို့သာ စဉ်းစားနေတဲ့ အမေ...

ကျွန်တော် တာဝန်မကျေပွန်မှုတွေအတွက် ဘယ်တော့မှ အပြစ်မပြောခဲ့တဲ့အမေ...

အမေရေ... လုပ်ချင်တာရှိရင် ဘယ်တော့မှ နောက်မဆုတ်ပဲ ဇွတ်တိုးလုပ်တတ်ပြီး ခေါင်းမာခဲ့တဲ့ ကျွန်တော့်အတွက် ယနေ့အချိန်ထိ စိုးရိမ်နေတဲ့အမေ...။

ကျွန်တော် အမေ့အနားမှာ မနေနိုင်သေးတာ ခွင့်လွှတ်ပေးပါလို့ပဲ တောင်းပန်ပါရစေ...

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1