ရောက်ခဲ့ပြန်တဲ့ ကျိုက်ထီးရိုး

အခုတစ်ခေါက် ကျိုက်ထီးရိုး ရောက်တော့ အရင်အခေါက်တွေနဲ့ မတူတဲ့ မြင်ကွင်းတွေ တွေ့ရပြန်တော့ မရိုးတဲ့ ခရီးတစ်ခု ဖြစ်ရပြန်ပါတယ်။ ကျွန်တော်သွားခဲ့တုန်းက ရန်ကုန်မှာတော့ ရာသီဥတုက ပူနေဆဲပါ။ ကျိုက်ထီးရိုး ရောက်သွားတယ် ဆိုရင်ပဲ ရာသီဥတုက တော်တော်လေးကို အေးသွားတယ်။


ရန်ကုန်မှာ မိုးတွေ မရွာသေး ပေမယ့် ကျိုက်ထီးရိုးမှာ ကတော့ မိုးတွေအုံ့လို့ တစ်ခါတစ်ခါလည်း တဖွဲဖွဲ ရွာကျလို့။ တောင်ထိပ်မို့ ထင်ပါရဲ့။ သည်းသည်းမဲမဲ ရွာသွန်းတာမျိုးတော့ မရှိဘူး။




ကိုယ့်အထက်မှာ အမြဲတွေ့ခဲ့ရတဲ့ တိမ်တွေကို ကိုယ်ကပြန်ငုံ့ကြည့်ရပြန်တော့ အင်း… အထက်ရယ်၊ အောက်ရယ် အနိမ့်ရယ်၊ အမြင့်ရယ်ဆိုတာ ရောက်နေတဲ့ နေရာပေါ်မှာ မူတည်ပြီး တိုင်းတာကြတာပါပဲ ဆိုတာကို တွေးလိုက် မိသေးရဲ့။ not actual, relative to the position ပါပဲလေ။


မိုးဦးကျစကာလမို့ ထင်ပါရဲ့။ ဘုရားဖူးတော့ နည်းပါတယ်။ တောင်တက်ကားတွေလည်း လူပြည့်အောင် စောင့်ရတော့ အတက်အဆင်းမှာ အချိန်တော့နဲနဲ ယူရတယ်။ မိုးရာသီမို့ ဒေသအခေါ်အဝေါ် ကတော့ တောင်ပိတ်ချိန်တဲ့။ ဟိုးအရင်ကာလတွေ ဆီကတော့ ဒီအချိန်မှာ တောင်ပေါ်တက်ခွင့် မပြုတော့ဘူးမို့၊ တောင်ပိတ်ချိန်လို့ ခေါ်ပါသတဲ့။ အခုတော့လည်း တစ်နှစ်ပါတ်လုံး သွားလာနေကြတာပါပဲ။

ပွင့်လင်းရာသီလောက်တော့ စည်စည်ကားကား မရှိလှဘူးပေါ့။ တောင်တက်လမ်းက ဆိုင်တွေလဲ တစ်ချို့က အလုံပိတ်သိမ်း ပြန်နားကြတယ်။ တစ်ချို့တော့လည်း ဆိုင်ကိုပါ ဖျက်သိမ်းသွားကြတယ်။ ရောင်းတဲ့ ဆိုင်တွေလည်း ရောင်းကြ တုန်းပါပဲ။




မနှစ်ကရောက်ခဲ့တုန်းက လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နေချိန်မို့ ဘုရားကို မမြင်ခဲ့ရဘူး။ အခုတော့ ဘုရားတည်ရာ ကျောက်တုံးတော်ကိုကော စေတီကိုပါ အသေအချာ ဖူးမြော်ခဲ့ရပါတယ်။ ဘယ်နှစ်ခေါက် ရောက်ရောက် မရိုးနိုင်တဲ့ ခရီးတစ်ခုလို့ ထင်မိတယ်။ အခုအခါတော့ အဖွဲ့အစည်းနဲ့ မဟုတ်ပဲ တကိုယ်ရေ ခရီးဆိုတော့ လိုင်းကားနဲ့ပဲ သွားခဲ့ပါတယ်။ ကင်မွန်းစခန်းမှာလည်း ဆိုင်တချို့တော့ ပိတ်သိမ်း ထားကြတယ်။


တောင်ပေါ်မြင်ကွင်းက မိုးဦးရာသီမို့ ထင်ရဲ့ စိမ်းစိမ်းစိုစို တစ်မျိုးကြည့်ကောင်း နေပြန်တယ်။ မိုးရွာကာနီး တိမ်တွေ ပြိုဆင်းနေပုံကလည်း ဘယ်နေရာမှာ အလွယ်တကူ တွေ့မြင်ခွင့် မရနိုင်တဲ့ မြင်ကွင်းတခုပါပဲ။ ရင်ပြင်တော်ပေါ်မှာ ကိုယ့်ဘေးကနေ တိမ်တွေဖြတ်ပြေး နေတာကို တစိမ့်စ်မ့် ထိုင်ကြည့်ရတာလည်း မတူခြားနားတဲ့ ခံစားချက်တစ်မျိုးပေါ့။

အကြိမ်ကြိမ် ရောက်ခဲ့ဘူးပေမယ့် မိုးရာသီရောက်မှာ ရောက်ခဲ့တာတော့ ပထမဦးဆုံးပါပဲ။ ဒေသခံများအဖို့တော့ မထူးခြားလှပေမယ့် အဝေးက ဘုရားဖူးတွေ အဖို့တော့ ခြားနားတဲ့ ရှုမြှော်ခင်းတွေပေါ့။ သွားချင်ပြီး ကားဂိတ်တွေမှာပဲ အချိန်ကုန်ခဲ့ရတဲ့ ကျွန်တော်တို့ အမကြီး အလွမ်းပြေပေါ့။ မရောက်ဖူးသူတွေရော၊ မရောက်တာ ကြာသူ တွေရော အလွမ်းပြေ ပြန်ခံစားနိုင်အောင်ပါ။ တကယ်တော့လည်း ဘုရားဆိုတာ ဘယ်မှာပဲ ဖူးမြော်ရှိခိုးသည်ဖြစ်စေ ယုံကြည်သဒ္ဒါစိတ်က အဓိကပါ။ ဆရာတော်တစ်ပါး ဟောသလို ဘုရားလည်ချင်တာ ဆိုရင်တော့ မကောင်းလေဘူးပေါ့။ ဒါပေမယ့် ခရီးတစ်ခု အနေနဲ့တော့ ဒေသံသန္တဗဟုသုတ ရသလို စိတ်လက် ပေါ့ပါး စေတာတော့ အမှန်ပါပဲ။

တစ်ညအိပ်ပြီး ပြန်လာခဲ့ပါတယ်။ အပြန်လမ်း ကျိုက်ထိုမှာ ကားနားတော့ ဒေသထွက်သီးနှံ ရောင်းသူတွေလည်း ခရီးသွားကားတွေဆီမှာ လာရောက် ရောင်းချနေကြရဲ့။

အပြန်လမ်းက မြင်ကွင်းတစ်ခုပါ။ စိမ်းစိမ်းစိုစို လှနေပါတယ်။ မြင်ရတဲ့အတိုင်း ချောင်းကတော့ တဖြေးဖြေးကောလာပြီ။ အမှိုက်တွေကလည်း ကမ်းနံဘေးမှာ ပြန့်ကြဲနေရဲ့။ ၃% ခိုင်နှုန်းသာ ရှိတဲ့ကမ္ဘာ့ ရေချိုရှိတဲ့ နေရာတွေ မပျောက်မပျက် ရှိစေချင်ပါတယ်။ ဒီချောင်းကို မှီခိုနေရတဲ့ ဒေသခံတွေနဲ့ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေကပဲ မပျောက်ပျက်အောင် ကာကွယ်နိုင်မှာပါ။ ကာကွယ်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

3 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. အင်း ..တော်သေးတာပေါ့ .... ဦးအောင် ရေးလိုက်မိလို့ ...
    ဒါနဲ့ စကားမစပ် ..
    လင်း ရဲ့ camera man က ပိုတော်သလိုပဲ ...
    (လင်း ပို့စ်ထဲက ပုံတွေ ပိုလှနေသလားလို့ ... :P )

    ردحذف
  2. နောက်ဆိုရင်တော့ သူ့ဘဲလွှတ်တော့မယ။်

    ညကတည်းကမြင်တယ် အိပ်ချင်ယောင်ဆောင်နေလို့လာမဖတ်ရတာ. ကတောက်စ်

    သွားချင်လိုက်တာနော်...........မိုးတွင်းကြီးဆိုပြီးကန့်ကွက်ကြပြန်ဦးမယ် တောင်ပေါ်ကို ကားနဲ့တက်ရမှာကြောက်စရာကြီးမိုးတွင်း ကားတွေ ကလည်းကောင်းပါဘိသနဲ့။

    ردحذف
  3. ကြော်ငြာတွေကလည်းဝင်သနော်။ လိုက်သွားဦးမှ..

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1