မနေ့က သောင်ပေါ်ပြန်ရောက်လာတဲ့ အဆက်ပေါ့။
သောင်ပြင်ပေါ် ပြန်တက်လာတော့ နေ့လည်စာ မှာဦးမလားဆိုပြီး ပုစွန်ရောင်းတဲ့ မိန်းကလေးနှစ်ဦးနဲ့ တွေ့ပါတယ်။ ဘာတွေမှာလို့ရလည်း… ဘယ်လိုမှာရတာလည်း ဆိုတော့ ပုစွန်ဟင်းကို စားချင်သလို ချက်ပြီး ပို့ပေးမယ်။ အသီးအရွက်ကြော် တစ်ပွဲပါမယ်။ တို့စရာ၊ ငါးပိရည်ကျိုပါမယ်။ အရည်သောက် တစ်ခွက် ပါမယ်။ အဲဒါဆိုရင် ၄၅၀၀ ပါတဲ့။ အစ်ကိုရေ.. နှစ်ယောက်စားလို့ မကုန်ရင် ညနေထမင်းနဲ့ ဟင်းရံပဲ မှာပေါ့။
လိုအပ်တာရှိရင်လည်း အကုန်မှာပါ စိတ်ကြိုက်စီစဉ်ပေးတယ်။ ပုစွန်ဟင်းကို ဘယ်လိုစားမလဲ။ ဆီပြန် အစပ်ချက်၊ အချိုချက်၊ ချိုချဉ်ချက်၊ အကြွပ်ကြော်၊ ပုစွန်ကင်၊ အစိမ်းသုပ် ကြိုက်သလိုမှာပါ။ ပုစွန်ထုပ်လတ် (သူတို့ပြောတဲ့ အခေါ်ပါ) ၁၄ကောင်ပါတယ်။ စားတဲ့လူ နည်းရင် နှစ်မျိုးချက်ပေးတယ်။ တုန့်ယန်းဟင်းချို စားချင်လား၊ ယိုးဒယာဟင်းချိုကြိုက်လား…။ ကျွန်မတို့က ဒါပဲ ရောင်းစားတာဆိုတော့ ဧည့်သည်စိတ်ကြိုက် အကုန်လုပ်တတ်ပါတယ်။ တစ်ခြားပင်လယ်စာ ဂဏန်း၊ ပြည်ကြီးငါး တို့စားချင်လည်း စီစဉ်ပေးနိုင်တယ်။ ပိုက်ဆံကြိုပေးစရာ မလိုပါဘူး။ ထမင်းလာပို့တော့မှ ပေးရမှာပါ။ စားကြည့်ပါ။ မတန်ရင် ပန်းကန်ပါရိုက်ခွဲ ပစ်လိုက် စသဖြင့်၊ စသဖြင့်ပေါ့ ပြောပြသွားတာတွေကို ရွှန်းရွှန်းဝေနေတာပဲ။ ကိုယ်လည်း စိတ်ထဲမှာတော့ ဟာ.. တန်သကွာ။ ရန်ကုန်မှာဆိုမရဘူးဆိုပြီး ကဲစားကြည့်တာပေါ့ ဆိုပြီး မှာလိုက်ပါတယ်။


မှာပြီးတော့ ကမ်းခြေက အုန်းလက်နဲ့ ဆောက်ထားတဲ့ တဲလေးထဲမှာ ပင်လယ်ကို ငေးမောရင်း ဟိုငေး၊ ဒီငေး ဟိုတွေးဒီတွေးပေါ့။ နေရောင်လည်း တက်လာတယ်။ ဈေးသည်တွေလည်း စုံလာတယ်။ ပုစွန်ကင်၊ ငါးကင်၊ သရက်သီး၊ မုန့်လုပ်ဆောင်း မုန့်တီ၊ ကျောက်ပုစွန် ပန်းချီကား ရောင်းသူတွေ ကမ်းခြေတလျှောက် ဟိုဘက် လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်၊ ရောင်းကြ ၀ယ်ကြနဲ့ ကမ်းခြေသောင်ပြင်က သက်ဝင်လာပါတော့တယ်။

ကျွန်တော်လည်း လာသမျှ၊ ငါးကင်၊ ပုစွန်ကင် အကုန်ဝယ်စားမိတယ်။ ဒေသထွက် အစားသောက်ဆိုပြီး စားကြည့်ချင်တာလည်း ပါတာပေါ့။ ပြီးတော့လည်း အစားဆို ဘာပဲစားစား စားလို့ရနေတာ လည်းပါတာပေါ့ဗျာ။ ဘာလာလာ အကုန်စားနေတဲ့ ကျွန်တော့်ကို ကြည့်ပြီး တဲထဲက ဈေးရောင်းသူက အုန်းစိမ်းရေ သောက်ဦးမလား ဆိုပြီး အုန်းသီးလေးတွေကိုင်ပြီး လာရောင်းပြန်ပါတယ်။ ရာသီဥတုက ပူနေသေးလို့ အုန်းရည်တော့ မသောက်လိုက်မိ။
ထိုင်နေတုန်း ဟင်းလိုက်ရောင်းတဲ့ ကောင်းမလေး တစ်ယောက် ရောက်လာပြီး၊ ဟင်းမှာဦးမလား အစ်ကို… ဆိုပြီး လာစပ်ပြန်ပါတယ်။ စောစောက မှာလိုက်ပြီ။ အစောကြီးပဲ ရောက်ရောက်ချင်း လာစပ်လို့ မှာလိုက်တယ်။ ညည်းက နောက်ကျတာကိုး ဆိုတော့ ဟုတ်တယ်အစ်ကိုရေ.. ဒီနေ့ ဧည့်သည်ကျတယ်ဆိုလို့ ကျွန်မလည်း အမြန်ဝယ်ပြီး ဆင်းလာတာ။ မရောင်းရမှာလည်း စိုးတယ်လေ။ ပုစွန်က မရောင်းရရင် အရင်းရှုံးရော၊ ကျွန်မတို့ ၀ယ်ရတာက ၃၅၀၀ိ/-၊ မနေ့ကဆို နေမြင့်တဲ့အထိ မရောင်းရလို့ အရင်းအတိုင်းပဲ ပေးပါဆိုပြီး ကိုယ်က လျှော့ပေးတာတောင်၊ တချို့ကတော့ ၀ယ်ပြီးလို့၊ တစ်ချို့ကတော့ နေဦး… ပြီးမှ မှာမယ်နဲ့ အဆင်ကို မပြေဘူး။ ကျွန်မတို့က ဒါလေးရောင်းမှ တစ်နေ့ ၅၀၀ိ/- လောက်ကျန်တာ၊ တစ်ခါတလေလည်း မြတ်တာက သွားရင်း လာရင်း ဟိုဟာစား၊ ဒီဟာစားနဲ့ ကုန်ရော၊ ဒါပေမယ့်လည်း ဈေးသည်ဆိုတော့ ဒါပဲလုပ်စားတတ်တော့ ဒါပဲ ရောင်းရတာပဲ အစ်ကိုရယ်။ ကံလိုက်တဲ့ နေ့တွေဆိုရင်တော့ နှစ်ဗန်းသုံးဗန်း မနက်တင်ကုန်တယ်။ တစ်ခါတလေလည်း မရောင်းရရင် ဒီလိုပဲ။ တစ်နေကုန်ပြန်ရော၊ ဈေးသည်ဆိုတော့လည်း ရောင်းချင်တာပေါ့၊ မရောင်းရလို့ တစ်နေကုန်သွားရင် ကိုယ့်အိပ်ထဲကတောင် စိုက်ရတယ်။ ကျွန်မကလည်း မရောင်းရလို့တော့ ဘယ်တော့မှ စောစော ပြန်မတက်ဘူး။ ဒီလိုပဲ လျှောက်သွားနေရတာကို ပျော်တာ။ ဒါတောင် တော်သေးတယ်၊ အခုလွတ်လွတ်လပ်လပ် ရောင်းခွင့်ရလို့၊ ဟိုအရင်ကဆို ကမ်းခြေမှာ ဈေးသည်တွေ ဈေးမရောင်းရလို့ အမိန့်ထုတ်တာ။ အစဉ်အဆက် ဒါလေးပဲ ရောင်းပြီး အသက်မွေးလာခဲ့ရတာ မရောင်းရဘူးဆိုတော့ ဘာလုပ်ရမလည်း။ အမိန့်ထုတ်လည်း ခိုးရောင်းကြတာပဲ။ လိုက်ဖမ်းပြီဆို ပြေးရပြန်ပြီ။ နောက်တော့ အားလုံးလည်း ဖမ်းချင်လည်း ဖမ်းဟာ၊ ရောင်းမှာပဲ ဆိုပြီး ဈေးသည်တွေ ခေါင်းမာမာနဲ့ ရောင်းကြတော့ မဖမ်းတော့ဘူး။ အဲဒီအကြောင်း ဘီဘီစီမှာတောင် ပါသေးတယ်ဆိုပြီး စီကာပတ်ကုံး ပြောပြနေပါလေရော၊ ထုံးစံအတိုင်း ၀ါသနာအရ စပ်စုလိုက်၊ ဗျူးလိုက်နဲ့ ကျွန်တော်ရဲ့ ချောင်းသာကမ်းခြေ ဗျူးပွဲလေး ဖြစ်လာရခြင်း အကြောင်းပေါ့။
ဒီလိုရောင်းတော့ ပုစွန်ကို ဘယ်ကရတုန်းမေးတော့ ဈေးကနေ၀ယ်ပါတယ်တဲ့။ ညနေဆို ပုစွန်ဖမ်းလှေတွေ ဆိုက်ပြီ။ ဖမ်းမိလာသမျှ ငါးတွေပုစွန်တွေကို ဒိုင်မှာသွင်းတယ်၊ ကျွန်မတို့က အဲဒီကတဆင့် ပြန်ဝယ်ပြီးရောင်းတာ၊ ချောင်းသာမှာမို့ ဒီဈေးနဲ့ ရောင်းနိုင်တာ၊ ဟိုဘက်ငွေဆောင်မှာဆို ဒီဈေးမရဘူး။ သူတို့ဘက်မှာက ပုစွန်အထွက်နည်းတယ်။ ဒိုင်လည်းမရှိတော့ ဈေးကြီးတယ်။ ဟိုတလောက ကြားလိုက်သေးလား ချောင်းသာတံတား ပျက်တော့ ဧည့်သည်တွေငွေဆောင် ဘက်ရောက်သွားတော့၊ အဲဒီရက်ကဆို ဒီမှာ ဈေးဘယ်ရောင်းရမလည်း အစ်ကိုရယ်…။ တံတားပြီးတော့ နှစ်စဉ်လာနေကြ အဖွဲ့တွေ ရောက်လာပြီး ကျွန်မကို ပြောပြနေကြတာ။ ကျွန်မလည်း ဧည့်သည်တွေ အဆင်ပြေအောင် အားလုံးစီစဉ်ပေးတော့ အဲဒီအဖွဲ့ဆို ရောက်တိုင်း ကျွန်မမှ ကျွန်မပဲ၊ ကျွန်မကို မတွေ့ရင်တောင် ရွာထဲလာရှာပြီး မှာကြတာ ...။ တစ်ခွန်းပဲ မေးပါတယ်။ ဖြေချင်ရဲ့ လက်တို့ဖြစ်နေတာရယ်၊ ပြောရင်းဆိုရင်း ကြော်ငြာဝင်ချင်တယ် ထင်ပ။ ဖြေလိုက်တာကို စုံသွားတာပဲ။
အခုလိုရောင်းတော့ ဒီဟိုတယ်တွေနဲ့ကော အဆင်ပြေလား။ ဆိုတော့ … ဒီလိုပေါ့ အစ်ကိုရယ် ဘီလူးစည်း၊ လူ့စည်းရှိရတာပေါ့။ ကျွန်မတို့က ဟော်တယ်ထဲတော့ ၀င်ရောင်းခွင့် မရှိဘူးလေ။ အပြင်ကနေပဲ ရောင်းရတာပါ။ ဧည့်သည်တွေကလည်း နားလည်တယ်လေ။ ကျွန်မအခုရောင်းနေတဲ့ အနေအထားဆို သူတို့ဟော်တယ်မှာ ၄ပွဲလောက် ရောင်းတာ။ တစ်ပွဲကို ၆၀၀၀ိ/- လောက်ပေးရတာ။ ဘယ်ကပိုတန်တယ်ဆိုတာ ဧည့်သည်တွေက သိတာပေါ့။ ဘယ်မတန်တာကြီးကို စားမလဲ မဟုတ်ဘူးလား။ ကျွန်မတို့က ဧည့်သည်စိတ်ကြိုက် အားလုံး စီစဉ်ပေးနိုင်တော့ စောစောက ပြောတဲ့အဖွဲ့ဆိုရင် ကျွန်မကိုမတွေ့တောင် လိုက်ရှာပြီးမှာတာ။
ဟော်တယ်တွေကလည်း အခုဆို ၁၃လုံးတောင် ရှိတော့၊ အပြိုင်အဆိုင်လေ၊ ဧည့်သည်ကို လုံးဝအငြိုအငြင် မခံဘူး။ ဒါတောင် ဘယ်ဟော်တယ်ကဆို ဧည့်သည်တွေ ကမ်းခြေက အစားအသောက်တွေ စားရင် ဘယ်လိုရောဂါတွေ ဖြစ်တတ်ကြောင်းကို အခန်းထဲမှာရော၊ အ၀မှာရော၊ ကမ်းခြေက သစ်ပင်တွေမှာရော စာတွေကပ်ပြီး သတိတွေ ပေးထားလိုက်တာ၊ ဈေးသည်တွေကိုလည်း ရောင်းဖို့နေနေသာ အနားတောင် အကပ်မခံဘူး။ သူတို့ဆိုင် မရောင်းရမှာစိုးလို့လေ။ တည်းခိုတဲ့ ဧည့်သည်တွေကိုလည်း အပြင်က စားသောက်စရာတွေ ယူလာပြီး မစားရဘူးတဲ့။ ကျွန်မကတော့ ပြောလိုက်တယ်။ ကိုယ်ရောင်းချင်လို့ ပြောတာမဟုတ်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားတာ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ။ လက်မခံရင် တည်းစရာတွေ တစ်ပုံကြီး၊ စားတော့ဘာ ဖြစ်လည်းသာ ပြောလိုက်ဆိုပြီးပေါ့။ တစ်ချို့ဧည့်သည်တွေက အဲလိုတွေ ပြောထားတော့ ဟော်တယ်ကို အားနာပြီး စားချင်တာတောင် မစားရဲဘူး အစ်ကိုရယ်။ အဲဒီဟော်တယ်ဆို ဘယ်ဈေးသည်နဲ့မှ အဆင်မပြေဘူး။ ကျွန်မတို့က ဒီဟော်တယ်တွေ မရှိခင်ကတည်းက ဘိုးစဉ် ဘောင်ဆက် လုပ်စားလာကြတာ၊ ဘယ်တုန်းကမှ ဘာမှ မဖြစ်ခဲ့ပါဘူး အစ်ကိုရာ။ ကျန်တဲ့ ဟော်တယ်တွေ သူ့လောက်မဆိုးဘူး။ အဲဒီဟော်တယ် တစ်ခုပဲ တော်တော် ဆိုးတာ အစ်ကိုရေ…။
အင်း… စိတ်ထဲကတော့ တွေးလိုက်ပါရဲ့ ...။ အတွေ့အကြုံက သင်ပေးတဲ့ marketing ထင်ပါရဲ့ ကိုယ့်ကိုလည်း မသိမသာ ခပ်ပါးပါး မြှောက်ရင်း၊သူ့စီမှမ၀ယ်ရင်ပဲ ငတုံးတွေလို ချုပ်လိုက်သေး။ သူဘယ်လောက် ၀န်ဆောင်မှု ကောင်းကြောင်းကိုလည်း ခပ်ပါးပါး ကြော်ငြာရင်း၊ သူပြောတဲ့စကား နားထောင်ပြီး ၄ပွဲလောက်တောင် မှာသင့်တယ်လို့ ထင်သွားတယ်။ ရန်ကုန်မှာ marketing လုပ်ပြီး ပစ္စည်းတွေ လိုက်ရောင်းတဲ့ အဖွဲ့တွေကို ချောင်းသာလွှတ်ပြီး သင်တန်းတက်ခိုင်းသင့်တယ် လို့တောင် မဆီမဆိုင် တွေးလိုက်မိပါရဲ့။





ဒါနဲ့ပဲ ကျွန်တော်လည်း နောက်မေးခွန်းတစ်ခု ထပ်ဗျူးလိုက်ပါတယ်။ ဒီလိုရောင်းတာ တစ်နှစ်ပါတ်လုံးလား။ မိုးတွင်းကော ရောင်းရသလားဆိုတော့.. မိုးတွင်းကတော့ ဧည့်သည်မရှိဘူးလေ။ ဈေးလည်း မရောင်းရဘူးပေါ့ အဲဒီအချိန်ကြတော့ လယ်ရှိတဲ့သူက လယ်ပြန်စိုက်၊ မရှိတဲ့သူက မီးသွေဖုတ်၊ သူရင်းငှားလိုက်၊ ဒီလိုပဲလုပ်ရတာပေါ့ အစ်ကိုရယ်.. ရပ်နေလို့မှ ရတာမှ မဟုတ်တာပဲလေ။
ဒီမှာ ဧည့်သည်တွေဘယ်အချိန် အလာများလည်းဆိုတော့ အလာအများဆုံးကတော့ သင်္ကြန်ပဲ၊ ပြီးရင် သီတင်းကျွတ်နဲ့ ဒီဇင်ဘာ၊ အဲဒီအချိန်တွေ အလာများတယ်။ အဲဒီအချိန်မှာ ရောင်းရ၀ယ်ရသမျှလေး မိုးတွင်းကာလ စားဖို့ရအောင်အောင် ကြိုးကြိုးစားစား စုရတာပဲ၊ ကျန်တဲ့အချိန်တွေကတော့ ဒီလိုပဲ လာတော့ လာတယ်။ နေရာစုံခွဲ ၀င်သွားတော့ ဧည်သည်တွေ ပြန့်ကုန်ပြီး၊ ညီမတို့လည်း ခြေတိုအောင်လျှောက်မှ ဈေးဦးပေါက် ဆိုတာမျိုးပဲ။ ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်၊ ဘ၀က ဒီလိုလုပ်ဖို့ပါလို့ ဒီလိုလုပ်ရတာပဲ။

ဒါနဲ့အစ်ကိုတို့ ပုစွန်မှာထားပြီးပြီဆိုတော့ ဂဏန်းစားကြည့်ပါလား ဆိုပြီး သူရဲ့ မားကက်တင်းကို ပြန်လုပ်ပြန် ပါတယ်။ ပြီးတော့ ဂဏန်းဗန်းကြီး ဖွင့်ပြတော့ ဂလောက်လောက်နဲ့ ဂဏန်းအရှင်တွေ ယက်ကန်ယက်ကန် တွေ့လိုက်ရတော့ … အဲ…ညည်းဟာကလည်း ဂဏန်းတွေက အရှင်ကြီး၊ မမှာတော့ဘူးဟာ ဆိုတော့၊ ဂဏန်းက အသေထားလို့ မရဘူးလေ အစ်ကိုရဲ့ အသေထားလိုက်ရင် ချက်ချင်း ပုပ်သွားတာ၊ ပြီးတော့ အစ်ကိုတို့က သတ်ရတာမှ မဟုတ်တာ ပြသနာမရှိဘူးလေတဲ့။ တော်တော် အပြောကောင်း ငါတို့မှာမှတော့ ငါတို့ကြောင့် သေရတာ၊ ငါတို့ပယောဂ ပါတာပေါ့ ဆိုတော့ အစ်ကိုတို့က ဂဏန်းကို သတ်ပါလို့ ပြောတာမဟုတ်ဘူးလေ၊ ဂဏန်းသား စားချင်တယ်လို့ပဲ ပြောတာ အပြစ်ဘယ်ရှိမှာလည်းတဲ့။ ဗုဒ္ဓေါ... ကြက်ကို ရိုက်သတ်တာ၊ မင်းမှာ အပြစ်မရှိဘူး။ ရိုက်လိုက်တဲ့ တုတ်မှာပဲ အပြစ်ရှိတာ ထက်ဆိုးနေပြီ။





အေးပါ…ဒီနေ့တော့မှာ ပြီးသွားပြီ။ မမှာတော့ဘူး နောက်နေ့ကြုံတော့ မှာတာပေါ့ဆိုတော့ မနက်ဖြန် စောစော စောင့်နေမယ် အစ်ကို၊ အားလုံးအစဉ်ပြေအောင် စီစဉ်ပေးမယ်။ စားချင်တာသာပြော၊ ကျွန်မက ရောင်းချင်လို့ ပြောတာ မဟုတ်ဘူး၊ အစ်ကိုတို့လည်း အဆင်ပြေ၊ ကျွန်မလည်း တစ်နေ့တာ စောစောလေး ဈေးဦးလေး ပေါက်တော့ ဘာပဲပြောပြော အဆင်ပြေတာပေါ့။ ကိုယ့်ညီမလေး ရောက်တုန်းရောက်ခိုက် ကူညီသွားတယ်လို့ သဘောထားပါ အစ်ကို… စသဖြင့် စသဖြင့် မေးရင်းပြောရင်း ကျွန်တော်ရဲ့ အင်တာဗျူးဟာ နောက်ဆုံး သူ့ရဲ့ မားကက်တင်းနဲ့ အဆုံးသတ်သွားပါတယ်။ အောင်မြင်သော အရောင်းဈေးသည်လို့ ပြောရတော့မှာပဲ။
အဲဒီလို အမှာစာရင်းတွေ အသေအချာ confirm လုပ်ပြီးမှ သူလည်း ထပြန်သွားပါတော့တယ်။ ဟိုဒီငေးရင်း မြင်းကျား တစ်ကောင် ဖြတ်သွားလို့ ဓါတ်ပုံရိုက်ယူလိုက်ပါသေးတယ်။ သေသေချာချာ အနားသွားကြည့်တော့မှ ဆေးဆိုးမြင်းကျား ဖြစ်နေလေရဲ့။

အဲဒီနောက်တော့ နေပူလာလို့ ကျွန်တော်လည်း ပြန်တက်လာပြီး အခန်းထဲ ၀င်အိပ်လိုက် ပါတော့တယ်။ အင်း… အိပ်ရာနိုးမှ ဆက်ရေးပါဦးမယ်။
ရေးရမှာတောင် ကြောက်လာပြီး အစ်မက ရှုံးပါတယ်ဆိုမှ ထပ်လို့ချည်း ပြောနေသလားဆိုရင် အခက်။ အဟဲ ကြုံလို့ ကြွားတယ်လို့ပဲ သဘောထားလိုက်ပါ အစ်မရယ်။ ခရခသရေ... ကိုယ်ဟာကိုယ်သွားတတ်တာ သိပါတယ်။ စေတနာတွေပိုသွားလို့ . . . ဟဲ။





ကဲ ဆက်လိုက်ပါပြီ။ ဆက်ပါဦးမယ် . . .။
သောင်ပြင်ပေါ် ပြန်တက်လာတော့ နေ့လည်စာ မှာဦးမလားဆိုပြီး ပုစွန်ရောင်းတဲ့ မိန်းကလေးနှစ်ဦးနဲ့ တွေ့ပါတယ်။ ဘာတွေမှာလို့ရလည်း… ဘယ်လိုမှာရတာလည်း ဆိုတော့ ပုစွန်ဟင်းကို စားချင်သလို ချက်ပြီး ပို့ပေးမယ်။ အသီးအရွက်ကြော် တစ်ပွဲပါမယ်။ တို့စရာ၊ ငါးပိရည်ကျိုပါမယ်။ အရည်သောက် တစ်ခွက် ပါမယ်။ အဲဒါဆိုရင် ၄၅၀၀ ပါတဲ့။ အစ်ကိုရေ.. နှစ်ယောက်စားလို့ မကုန်ရင် ညနေထမင်းနဲ့ ဟင်းရံပဲ မှာပေါ့။
ဒီလိုရောင်းတော့ ပုစွန်ကို ဘယ်ကရတုန်းမေးတော့ ဈေးကနေ၀ယ်ပါတယ်တဲ့။ ညနေဆို ပုစွန်ဖမ်းလှေတွေ ဆိုက်ပြီ။ ဖမ်းမိလာသမျှ ငါးတွေပုစွန်တွေကို ဒိုင်မှာသွင်းတယ်၊ ကျွန်မတို့က အဲဒီကတဆင့် ပြန်ဝယ်ပြီးရောင်းတာ၊ ချောင်းသာမှာမို့ ဒီဈေးနဲ့ ရောင်းနိုင်တာ၊ ဟိုဘက်ငွေဆောင်မှာဆို ဒီဈေးမရဘူး။ သူတို့ဘက်မှာက ပုစွန်အထွက်နည်းတယ်။ ဒိုင်လည်းမရှိတော့ ဈေးကြီးတယ်။ ဟိုတလောက ကြားလိုက်သေးလား ချောင်းသာတံတား ပျက်တော့ ဧည့်သည်တွေငွေဆောင် ဘက်ရောက်သွားတော့၊ အဲဒီရက်ကဆို ဒီမှာ ဈေးဘယ်ရောင်းရမလည်း အစ်ကိုရယ်…။ တံတားပြီးတော့ နှစ်စဉ်လာနေကြ အဖွဲ့တွေ ရောက်လာပြီး ကျွန်မကို ပြောပြနေကြတာ။ ကျွန်မလည်း ဧည့်သည်တွေ အဆင်ပြေအောင် အားလုံးစီစဉ်ပေးတော့ အဲဒီအဖွဲ့ဆို ရောက်တိုင်း ကျွန်မမှ ကျွန်မပဲ၊ ကျွန်မကို မတွေ့ရင်တောင် ရွာထဲလာရှာပြီး မှာကြတာ ...။ တစ်ခွန်းပဲ မေးပါတယ်။ ဖြေချင်ရဲ့ လက်တို့ဖြစ်နေတာရယ်၊ ပြောရင်းဆိုရင်း ကြော်ငြာဝင်ချင်တယ် ထင်ပ။ ဖြေလိုက်တာကို စုံသွားတာပဲ။
အခုလိုရောင်းတော့ ဒီဟိုတယ်တွေနဲ့ကော အဆင်ပြေလား။ ဆိုတော့ … ဒီလိုပေါ့ အစ်ကိုရယ် ဘီလူးစည်း၊ လူ့စည်းရှိရတာပေါ့။ ကျွန်မတို့က ဟော်တယ်ထဲတော့ ၀င်ရောင်းခွင့် မရှိဘူးလေ။ အပြင်ကနေပဲ ရောင်းရတာပါ။ ဧည့်သည်တွေကလည်း နားလည်တယ်လေ။ ကျွန်မအခုရောင်းနေတဲ့ အနေအထားဆို သူတို့ဟော်တယ်မှာ ၄ပွဲလောက် ရောင်းတာ။ တစ်ပွဲကို ၆၀၀၀ိ/- လောက်ပေးရတာ။ ဘယ်ကပိုတန်တယ်ဆိုတာ ဧည့်သည်တွေက သိတာပေါ့။ ဘယ်မတန်တာကြီးကို စားမလဲ မဟုတ်ဘူးလား။ ကျွန်မတို့က ဧည့်သည်စိတ်ကြိုက် အားလုံး စီစဉ်ပေးနိုင်တော့ စောစောက ပြောတဲ့အဖွဲ့ဆိုရင် ကျွန်မကိုမတွေ့တောင် လိုက်ရှာပြီးမှာတာ။
ဟော်တယ်တွေကလည်း အခုဆို ၁၃လုံးတောင် ရှိတော့၊ အပြိုင်အဆိုင်လေ၊ ဧည့်သည်ကို လုံးဝအငြိုအငြင် မခံဘူး။ ဒါတောင် ဘယ်ဟော်တယ်ကဆို ဧည့်သည်တွေ ကမ်းခြေက အစားအသောက်တွေ စားရင် ဘယ်လိုရောဂါတွေ ဖြစ်တတ်ကြောင်းကို အခန်းထဲမှာရော၊ အ၀မှာရော၊ ကမ်းခြေက သစ်ပင်တွေမှာရော စာတွေကပ်ပြီး သတိတွေ ပေးထားလိုက်တာ၊ ဈေးသည်တွေကိုလည်း ရောင်းဖို့နေနေသာ အနားတောင် အကပ်မခံဘူး။ သူတို့ဆိုင် မရောင်းရမှာစိုးလို့လေ။ တည်းခိုတဲ့ ဧည့်သည်တွေကိုလည်း အပြင်က စားသောက်စရာတွေ ယူလာပြီး မစားရဘူးတဲ့။ ကျွန်မကတော့ ပြောလိုက်တယ်။ ကိုယ်ရောင်းချင်လို့ ပြောတာမဟုတ်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားတာ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ။ လက်မခံရင် တည်းစရာတွေ တစ်ပုံကြီး၊ စားတော့ဘာ ဖြစ်လည်းသာ ပြောလိုက်ဆိုပြီးပေါ့။ တစ်ချို့ဧည့်သည်တွေက အဲလိုတွေ ပြောထားတော့ ဟော်တယ်ကို အားနာပြီး စားချင်တာတောင် မစားရဲဘူး အစ်ကိုရယ်။ အဲဒီဟော်တယ်ဆို ဘယ်ဈေးသည်နဲ့မှ အဆင်မပြေဘူး။ ကျွန်မတို့က ဒီဟော်တယ်တွေ မရှိခင်ကတည်းက ဘိုးစဉ် ဘောင်ဆက် လုပ်စားလာကြတာ၊ ဘယ်တုန်းကမှ ဘာမှ မဖြစ်ခဲ့ပါဘူး အစ်ကိုရာ။ ကျန်တဲ့ ဟော်တယ်တွေ သူ့လောက်မဆိုးဘူး။ အဲဒီဟော်တယ် တစ်ခုပဲ တော်တော် ဆိုးတာ အစ်ကိုရေ…။
အင်း… စိတ်ထဲကတော့ တွေးလိုက်ပါရဲ့ ...။ အတွေ့အကြုံက သင်ပေးတဲ့ marketing ထင်ပါရဲ့ ကိုယ့်ကိုလည်း မသိမသာ ခပ်ပါးပါး မြှောက်ရင်း၊သူ့စီမှမ၀ယ်ရင်ပဲ ငတုံးတွေလို ချုပ်လိုက်သေး။ သူဘယ်လောက် ၀န်ဆောင်မှု ကောင်းကြောင်းကိုလည်း ခပ်ပါးပါး ကြော်ငြာရင်း၊ သူပြောတဲ့စကား နားထောင်ပြီး ၄ပွဲလောက်တောင် မှာသင့်တယ်လို့ ထင်သွားတယ်။ ရန်ကုန်မှာ marketing လုပ်ပြီး ပစ္စည်းတွေ လိုက်ရောင်းတဲ့ အဖွဲ့တွေကို ချောင်းသာလွှတ်ပြီး သင်တန်းတက်ခိုင်းသင့်တယ် လို့တောင် မဆီမဆိုင် တွေးလိုက်မိပါရဲ့။
ဒီမှာ ဧည့်သည်တွေဘယ်အချိန် အလာများလည်းဆိုတော့ အလာအများဆုံးကတော့ သင်္ကြန်ပဲ၊ ပြီးရင် သီတင်းကျွတ်နဲ့ ဒီဇင်ဘာ၊ အဲဒီအချိန်တွေ အလာများတယ်။ အဲဒီအချိန်မှာ ရောင်းရ၀ယ်ရသမျှလေး မိုးတွင်းကာလ စားဖို့ရအောင်အောင် ကြိုးကြိုးစားစား စုရတာပဲ၊ ကျန်တဲ့အချိန်တွေကတော့ ဒီလိုပဲ လာတော့ လာတယ်။ နေရာစုံခွဲ ၀င်သွားတော့ ဧည်သည်တွေ ပြန့်ကုန်ပြီး၊ ညီမတို့လည်း ခြေတိုအောင်လျှောက်မှ ဈေးဦးပေါက် ဆိုတာမျိုးပဲ။ ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်၊ ဘ၀က ဒီလိုလုပ်ဖို့ပါလို့ ဒီလိုလုပ်ရတာပဲ။
ဒါနဲ့အစ်ကိုတို့ ပုစွန်မှာထားပြီးပြီဆိုတော့ ဂဏန်းစားကြည့်ပါလား ဆိုပြီး သူရဲ့ မားကက်တင်းကို ပြန်လုပ်ပြန် ပါတယ်။ ပြီးတော့ ဂဏန်းဗန်းကြီး ဖွင့်ပြတော့ ဂလောက်လောက်နဲ့ ဂဏန်းအရှင်တွေ ယက်ကန်ယက်ကန် တွေ့လိုက်ရတော့ … အဲ…ညည်းဟာကလည်း ဂဏန်းတွေက အရှင်ကြီး၊ မမှာတော့ဘူးဟာ ဆိုတော့၊ ဂဏန်းက အသေထားလို့ မရဘူးလေ အစ်ကိုရဲ့ အသေထားလိုက်ရင် ချက်ချင်း ပုပ်သွားတာ၊ ပြီးတော့ အစ်ကိုတို့က သတ်ရတာမှ မဟုတ်တာ ပြသနာမရှိဘူးလေတဲ့။ တော်တော် အပြောကောင်း ငါတို့မှာမှတော့ ငါတို့ကြောင့် သေရတာ၊ ငါတို့ပယောဂ ပါတာပေါ့ ဆိုတော့ အစ်ကိုတို့က ဂဏန်းကို သတ်ပါလို့ ပြောတာမဟုတ်ဘူးလေ၊ ဂဏန်းသား စားချင်တယ်လို့ပဲ ပြောတာ အပြစ်ဘယ်ရှိမှာလည်းတဲ့။ ဗုဒ္ဓေါ... ကြက်ကို ရိုက်သတ်တာ၊ မင်းမှာ အပြစ်မရှိဘူး။ ရိုက်လိုက်တဲ့ တုတ်မှာပဲ အပြစ်ရှိတာ ထက်ဆိုးနေပြီ။
အဲဒီလို အမှာစာရင်းတွေ အသေအချာ confirm လုပ်ပြီးမှ သူလည်း ထပြန်သွားပါတော့တယ်။ ဟိုဒီငေးရင်း မြင်းကျား တစ်ကောင် ဖြတ်သွားလို့ ဓါတ်ပုံရိုက်ယူလိုက်ပါသေးတယ်။ သေသေချာချာ အနားသွားကြည့်တော့မှ ဆေးဆိုးမြင်းကျား ဖြစ်နေလေရဲ့။
အဲဒီနောက်တော့ နေပူလာလို့ ကျွန်တော်လည်း ပြန်တက်လာပြီး အခန်းထဲ ၀င်အိပ်လိုက် ပါတော့တယ်။ အင်း… အိပ်ရာနိုးမှ ဆက်ရေးပါဦးမယ်။
ရေးရမှာတောင် ကြောက်လာပြီး အစ်မက ရှုံးပါတယ်ဆိုမှ ထပ်လို့ချည်း ပြောနေသလားဆိုရင် အခက်။ အဟဲ ကြုံလို့ ကြွားတယ်လို့ပဲ သဘောထားလိုက်ပါ အစ်မရယ်။ ခရခသရေ... ကိုယ်ဟာကိုယ်သွားတတ်တာ သိပါတယ်။ စေတနာတွေပိုသွားလို့ . . . ဟဲ။
ဆက်ရေးပါ.။
ردحذفသူတို့ကဒီလိုကိုး.အဟိဟဟိ
ردحذفချောင်းသာကိုတောင်သတိရသွားပြီ..
ردحذفခဏခဏ ရောက်ဖူးလည်း သွားချင်တာပဲ..
ရှုခင်းပုံတွေတုန်းက တော်သေးတယ် အစားအသောက်ပုံတွေပါလာတော့
မနေနိုင်တော့ဘူး (မမန့်ပဲ) :P
ဆေးဆိုးမြင်းကျား ROFL
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့