My status

အခုတလော ဘာစာမှ ရေးလည်းမရေးဖြစ်၊ ဖတ်လည်းမဖတ်ဖြစ်။ Online ပေါ်မှာတော့ နေတိုင်ရှိ၏။ ဘာတွေ လုပ်နေတာလည်း။ အထွေအထူးတော့ မဟုတ်ပါ။ စစ်တုရင် ၀ါသနာပါသော ကျွန်တော် ကမ္ဘာပတ်၍ chess ထိုးနေပါသည်။ Online live chess ကစားနေခြင်းပါ။ ဘယ်မှာကစားလို့ ရသလဲဆိုရင်http://i627.photobucket.com/albums/tt352/Thu-Rein/chess.jpg မှာ ကစားလို့ ရကြောင်းပါ။
ဒါကတော့ အနက်ရွှေ့အလှည့် အနက်နိုင်ပါတယ်။ 3ကွက်နဲ့ နိုင်သွားတာပါ။ mate in 3 တော့ မဟုတ်ဘူးဗျာ။

ဒီဆိုက်မှာ ကမ္ဘာတ၀န်းက စစ်တုရင် ၀ါသနာရှင်များ၊ ပညာရှင်များ 24 နာရီပတ်လုံး ရှိနေပါသည်။ ကိုယ်တိုင် ကစား လိုလျင်တော့ register လုပ်ပြီး member ၀င်ရပါသည်။ ပြိုင်ပွဲအသွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်သလို online ပေါ်ရှိ ၀ါသနာတူခြင်း လက်ရည်တူခြင်း စိန်ခေါ်ကစားနိုင်ပါသည်။

1min, 5min, 10min blitz ပွဲများကစားနိုင်သလို move/day, move/3days စသဖြင့်လည်း ကစားနိုင်ပါသည်။ ၀ါသနာပါလို့ ကစားလိုပါက member ၀င်ပြီးတက်လာခဲ့ပါ။ Online ပေါ်မှာ စစ်တိုက်ကြတာပေါ့။ ဘယ်သူနဲ့မှ မကစားချင်ရင်လည်း ရသေ့စိတ်ဖြေ puzzle များကိုလည်း ဖြေရှင်းနိုင်ပါတယ် ခင်ဗျား။

3 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ချက်မထိုးတတ်..

    ردحذف
  2. တို့မောင်လေးကတော့ရန်ကင်းဘဲသွားထိုးနေတာဘဲ။

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1