မနေ့က google page မှာ host လုပ်ထားတဲ့ script တွေ အလုပ်မလုပ်တော့ဘူး ဆိုတာတွေ့လိုက်ရတယ်။ ဘာဖြစ်သွားတာလဲ ဆိုပြီး google page ကို ၀င်ကြည့်ပေမယ့် connection ကျနေတာကြောင့် ဘယ်လိုမှ မကြည့်နိုင်တော့ဘူး။ ဒီနေ့ ၀င်ကြည့်လိုက်တော့ google က သူ့ရဲ့ page service ကို လုံးဝရပ်ဆိုင်းလိုက်ပါပြီ ဆိုပြီးသတိပေးပါတယ်။ page တွေကိုတော့ google site ပေါ် အလိုအလျှောက် ပြောင်းပေးလိုက်ပေမယ့် host လုပ်ထားတဲ့ file တွေ ပြန်ပြီး download ဆွဲဖို့ အပိုင်းသုံးပိုင်း ခွဲပေးပါတယ်။
ပြသနာက host လုပ်ပြီး link ပြန်ပေးထားတဲ့ script တွေ အလုပ်မလုပ် တော့ဘူးပေါ့။ ဒါနဲ့ ဘယ်နေရာမှာ အလကားသိမ်းလို့ရမလဲ ရှာပုံတော် ဖွင့်ရပြန်တော့သည်။ ခက်တာက အခြားဖိုင်တွေ host လုပ်ဖို့က မခက်ပေမယ့် script တွေ host လုပ်ဖို့၊ ပြီးရင် link ပြန်ရဖို့က မလွယ်။ ဒါနဲ့ပဲနောက်ဆုံးတော့ သုံးခဲ့ဘူးတဲ့ ဆိုက်လေးတစ်ခုဆီ ခြေဦးပြန်လှည့်ခဲ့ရပါတယ်။ ripway ပါ။
ကောင်းပါတယ်။ ဟိုကွေ့ဒီတက်နဲ့လှော်ပေါ့။
ردحذفUpdate your templates
ردحذفYour templates include links to files hosted on Google Page Creator, a service that is soon migrating to Google Sites. Do you want Blogger to update those links now? Learn more
Update and review Dismiss
အစ်မ ဘလော့ရဲ့ Dashboard မှာ ဒီစာတမ်း ပေါ်နေတာ ကြာပြီ။ မထိရဲလို့ ဒီအတိုင်း ထားလိုက်တာ။ အခုထိတော့ ဘာမှ မဖြစ်သေးဘူး။ အားလုံး ပုံမှန်ပဲ။ ကြာလာရင် ဘလော့ကို ဘာများ ထိခိုက်လာနှိုင်သလဲဆိုတာ အကြံပေးပါဦး။ ကျေးဇူးတင်ပါတယ်။
မချို
ဒီလိုပါ အစ်မရေ...
ردحذفအကယ်၍ google page မှာ ပုံတွေ သီချင်းတွေ၊ softwareတွေ သိမ်းထားပြီး အဲဒီက link ပြန်ယူမယ်ဆိုရင် page လုံးဝ ရပ်ဆိုင်သွားတဲ့ အခါအမှာ အစ်မပေးထားတဲ့ link တွေ အလုပ်မလုပ်တော့ဘူးပေါ့။ ဒီတော့ update those links now ဆိုတာကို OK လိုက်ပေါ့ အစ်မရယ်။ update မလုပ်နိုင်တာတွေကိုလဲ သူကပြပါလိမ့်မယ်။ ပြီးတော့ အဲဒါတွေကို download ပြန်လုပ်ခိုင်းလိမ့်မယ်။ download ပြန်လုပ်ပြီးတော့ docs.google.com မှာ upload ပြန်လုပ်လိုက်ပြီး ကိုယ်ပေးခဲ့တဲ့ နေရာတွေမှာ link အသစ်ကို ပြန်ပြင်ပေးလိုက်ရင် ရပါပြီ။
ကျေးဇူးတင်ပါတယ် ကိုသူရိန်။ အစ်မတို့က တန်းပလိပ်ကို တခုခု ပြင်ရတော့မယ်ဆို ငါ့ဘလော့လေးများ ပျက်သွားမလားဆိုပြီး တယ်ကြောက်တာကိုး။ ခုလို ပြည့်ပြည့်စုံစုံ သိရတော့ နဲနဲ ရဲလာ သလိုလိုပဲ။ update လုပ်ကြည့်ပါဦးမယ်။ ကျေးဇူး..။
ردحذفမချို
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့