Gtalkမှာ မြန်မာစာကို မရိုက်တတ်တဲ့အခါ၊ အင်္ဂလိပ်လိုပြောဖို့ ကိုယ်ဘက်ကသော်လည်ကောင်း သူဘက်က သော်လည်းကောင်း အဆင်မပြေတဲ့ အခါ ကိုစိုးမင်းတို့ ဖန်တီးထားတဲ့ ဒီ site မှာ မြန်မာလို ရိုက်နိုင်ပါတယ်။
အခုချိန်ထိ chatting တွေမှာ တော်တော်များများ အသုံးပြုနေကြတဲ့ Myanglish လို့ပြောနေကြတဲ့ ဗမာအသံထွက် အင်္ဂလိပ်စာလုံးတွေကို မြန်မာစာလုံး စစ်စစ်ကို ပြောင်းပေးနိုင်တဲ့ online converter လေးပါ။ ဒါအပြင် hybrid unicode ပါလို့ပြောနေကြတဲ့ Zawgyi Font ကိုလဲ uniciode 5.1 standard နှင့်အညီ တည်ဆောက်ထားပါတယ် ဆိုတဲ့ Myanmar3, Padauk စတဲ့ Font တွေသို့ convert လုပ်နိုင်ပါတယ်။ ဒါပေမယ့် တခြားနေရာမှာ သုံးမယ်ဆိုရင်တော့ ကိုယ့်စက်ထဲမှာ အဲဒီ font တွေရှိဖို့တော့ လိုပါတယ်။
ဒါပေမယ့် unicode တွေကလည်း မတည့်ကြဘူးလားတော့ မသိဘူးဗျ။ ဥပမာ Zawgyi နဲ့ Myanmar3 ကိုနှစ်မျိုးလုံး install လုပ်ထားရင် ဘယ် font မှ ကောင်းကောင်း မမြင်ရတော့ဘူး။ unicode standard နှင့်အညီ တည်ဆောက်ထားတဲ့ font တစ်မျိုးတည်းကိုပဲ install လုပ်ပြန်ရင်လည်း Zawgyi နဲ့ chat လာတဲ့အခါ ၊ zawgyi နဲ့ရေးတဲ့ site တွေကို ကြည့်တဲ့အခါ ကောင်းကောင်း မမြင်ရတော့ပြန်ဘူး။ တနေ့နေ့တော့ အားလုံးအဆင် ပြေသွားမယ် ထင်ပါတယ်။ ဒီလိုပဲ... ကျွန်တော်တို့တွေဟာ အစီအစဉ် မကျနမှုတွေကနေ ပြောင်းလဲတိုးတက် ခဲ့ရတာပဲ မဟုတ်လား။
ကျွန်တော်ကတော့ ကိုယ်တိုင် မဖန်တီးနိုင်ပါဘူး။ သူများ တည်ဆောက်ပေး တာလေးတွေကိုတော့ ရှာဖွေသုံးစွဲဖို့ အဆင်သင့်။....
hote la ?
ردحذفဟုတ်တယ်
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့