ကျောင်းတော်က သင်ပေးလိုက်သောပညာ


ကျွန်တော်တို့ ကျောင်းသားဘ၀ ကျောင်းတက်စဉ်အခါက theorem တွေ တော်တော်များများ လေ့လာခဲ့၊ သင်ယူခဲ့ ရတာပေါ့။ Theorem ဆိုတာက သူပြောထားတဲ့ အခြေအနေတစ်ရပ် အမြဲမှန်ကန်ကြောင်း သက်သေပြနိုင်လို့ ပေါ်ထွက်လာခဲ့ရတာပါ။

ကျောင်းသားဘ၀မှာ အများအားဖြင့်တော့ theorem တွေကို အကြမ်းသဘော နားလည်နိုင်ရင် စာမေးပွဲအောင်နိုင် ပြီမို့ အားလုံးလိုလို (ကျွန်တော်လည်းပါတာပေါ့) ဟာ just to pass the exam ပဲ လုပ်လေ့ရှိခဲ့ပါတယ်။ စာအုပ်ထဲမှာ theorem တစ်ခု မှန်ကန်ကြောင်း ပြောနိုင်ဖို့လိုအပ်တဲ့ အချက်အလက် (facts and figures) တွေ၊ အခြေအနေ (situation) တွေ၊ ရင်းမြစ် (sources) တွေ၊ variables တွေကို စာရွက်ပေါ်မှာ ဒီလိုအပ်ချက်တွေ ရှိပြီးသား ဖြစ်ပါစေလို့ ကြိုတင်ကြေငြာ (declare) ပြီးမှ သက်သေပြ ခဲ့ရတာ ဆိုတော့ ကျွန်တော်တို့တွေ အားလုံးနီးပါး ဒီ problems တွေကို အလွယ်တကူပဲ prove and solve လုပ်နိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ နှစ်စဉ် စာမေးပွဲတွေကို ဖြတ်ကျော် အောင်မြင်ခဲ့ကြပြီး အချိန်တန်တော့ ကျောင်းတော်ကြီး ဆီက ခွဲခွာလာခဲ့ကြတယ် မဟုတ်လား။

ကျောင်းသားဘ၀ လွန်မြောက်ပြီ ဆိုရင်ပဲ ကျွန်တော်တို့တွေ အားလုံး လူမှုပတ်ဝန်းကျင်ထဲ ၀င်ရောက်ပြီး နေ့စဉ် ဘ၀ကို အစဉ်ပြေ ညီညွတ်စွာ ဖြတ်သန်းနိုင်ဖို့ ကြိုးစားလာရပါပြီ။ ဒီအခါအမှာ ကျွန်တော်တို့တွေ အားလုံး ရင်ဆိုင် ရတာကတော့ ကျောင်းသားဘ၀နဲ့ မတူခြားနားတဲ့ နေ့စဉ်လူနေမှုဘ၀ပါ။ ဒီပတ်ဝန်းကျင်ထဲကို တက်ကြွစွာ ၀င်ရောက်လာခဲ့ပြီး ကိုယ်တတ်မြောက်ခဲ့ပါတယ် ဆိုတဲ့ ပညာရပ်တွေကို လက်တွေအသုံးချဖို့ ကြိုးစားတဲ့အခါ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို စတင်ရင်ဆိုင် ရပါတော့တယ်။

ကျောင်းမှာတုန်းက ကိုယ်ကျွမ်းကျင်ခဲ့တယ် ဆိုတာတွေဟာ လက်တွေ့ဘ၀မှာ ဘာတစ်ခုမှ သုံးမရသလို၊ အလုပ် မဖြစ်သလို အခြေအနေတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ အချိန်တွေပေး သင်ယူခဲ့ရတဲ့ ပညာရပ်တွေဟာ တစ်ခါ တရံ လက်တွေ့နယ်ပယ်မှာ ကျင်လည်ဖြတ်သန်းစဉ် မျှော်လင့်သလို ရည်၇ွယ်သလို ဖြစ်မလာတဲ့အခါ ဘာမှ အသုံးမ၀င်သလို အလှောင် အပြောင်ခံရတာတွေ ဖြစ်လာတော့တယ်။

"မင်းတို့ကျောင်းကြီးက ဘာတွေသင်ပေးလိုက်တာလဲ၊ ဒါလေးတောင် မသိဘူးလား၊ ဒါ...တက္ကသိုလ်ဆင်းလား၊ ဘာလား" စသဖြင့် သရော်လှောင်ပြောင် စကားမျိုးတွေ ကြုံရလေ့ရှိပါတယ်။ တိုက်ပါများတော့နဲ့ ဆိုသလို ဒီလို စကားတွေ ကြားရဖန်များတော့ ငါတို့သင်ယူခဲ့ရတာတွေ အလကားပါလားလို့ အမြင်မှားမှုတွေ ဖြစ်လာပါတော့ တယ်။ တစ်ချို့ဆိုရင် ကိုယ်သိခဲ့၊ တတ်ခဲ့တာတွေ အားလုံးကို စွန့်လွှတ်ပစ်လိုက်ကြတဲ့ အထိပါပဲ။

ကျွန်တော်တို့ ပြန်စဉ်းစားကြည့်သင့် ပါတယ်။ ကျောင်းသားဘ၀မှာ ကျွန်တော်တို့တွေ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ ပါတယ် ဆိုတဲ့ problems တွေကို ပြန်ကြည့်ရင် ကျွန်တော်တို့ဟာ အခြေအနေ တစ်ရပ်လုံးကို ဖြေရှင်းခဲ့တာ မဟုတ်ပဲ အစိပ်အပိုင်း တစ်ခုစီလောက်ကိုသာ အဖြေရှာခဲ့ကြတာကို ပြန်လည်အမှတ်ရမိကြမှာပါ။ အဲဒီအစိပ် အပိုင်းကို ဖြေရှင်းနိုင်ဖို့ လိုအပ်ချက်တွေ ကိုလည်း ရှိပြီးသားဖြစ်ပါစေလို့ declare လုပ်ပြီးမှ ကျွန်တော်တို့ ရှင်းခဲ့ကြတယ် မဟုတ်လား။ ကျွန်တော်တို့အတွက် လိုအပ်တဲ့ tools တွေ၊ variables တွေ၊ sources တွေ အားလုံးဟာ စာရွက်ပေါ်မှာ အားလုံးပြည့်စုံခဲ့ပြီးသား။ တနည်းပြောရရင် လိုအပ်ချက်တွေ အားလုံးဟာ စာရွက်ပေါ်မှာ built in ဖြစ်ခဲ့ပြီးသားလေ . . .။

ကျွန်တော်တို့ လက်တွေ့ကျင်လည်ရတဲ့ နေ့စဉ်ဘ၀ကတော့ ကွန်ပြူတာ စကားနဲ့ ပြောရရင် requirements တွေကို pre-installed လုပ်ပေး မထားပါဘူး။ သူဟာ open source ပါ။ သူ့မှာ အားလုံးရှိပါတယ်။ ရအောင် ရှာတတ်ဖို့ပဲ လိုပါတယ်။ အသင့်သုံး(instant) တော့ မဟုတ်ဘူးပေါ့...။ အဲဒီလိုရှာဖို့အတွက် ကျွန်တော်တို့ ဘာလုပ်သင့်လဲ (What should we do ?) ၊ ဘယ်လိုလုပ်သင့်လဲ (How should we do?) ၊ ဘာကြောင့် လုပ်သင့်တာလဲ (Why should we do ?) ၊ ဘယ်နေရာမှာ ရှာသင့်လဲ (Where should we search ?) ၊ စတဲ့ way of thinking ကို ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးက sample problems တွေပေးပြီး လက်တွေ့ဘ၀မှာ transfer လုပ်နိုင်ဖို့ ကျွန်တော်တို့ကို သင်ပေးလိုက်တာပါ။

လက်တွေ့ကျင်လည်ရတဲ့ ဘ၀မှာ လိုအပ်ချက်တွေ အားလုံး ရှိပြီးသား ဖြစ်ပါစေလို့ ကျွန်တော်တို့ ကြိုတင်မန်းမှုတ် ကြေငြာထားလို့ မရတော့ဘူးလေ။ ကျွန်တော်တို့ ရှာရတော့မယ်။ စုဆောင်းရတော့မယ်။ ဒီအခါမှာ မလွယ်ကူမှု တွေ ဒုနဲ့ဒေးပေါ့။ ဒါတွေကို ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ နည်းနားတွေ၊ သဘောတရား (concept) တွေကို အသုံးချပြီး အပိုင်းလိုက်၊ အဆင့်လိုက် ရှင်းသွားရမှာပါ။ ကျွန်တော်တို့ ကျောင်းတော်ကြီးဆီက ရခဲ့တာ solution မဟုတ်ပါဘူး။ concept to find the solution လို့ဆိုရပါမယ်။ ကျွန်တော်တို့ သိခဲ့တာတွေဟာ not for direct applying , just for transferring ပါ။

ဒါကို နားမလည်သူတစ်ချို့ရဲ့ ပြစ်တင်ဝေဖန်မှုကြောင့် သိမ်ငယ်စရာ မလိုပါဘူး။ အလွတ်ကျက်ပြီး အာဂုံဆောင် နိုင်တာ ကောင်းပါတယ်။ ဒါပေမယ့် ဒါဟာ concept မဟုတ်ပါဘူး။ skill ပါ။ skill ဆိုတာက လေ့ကျင့်ယူနိုင် ပါတယ်။ တချို့သော အကြောင်းကိစ္စတွေဟာ အချိန်ကာလတစ်ခု လွန်မြောက်သွားရင် skill ဆိုတာကို အလို အလျောက် ရသွားတတ်တာမျိုးပါ။

ဝန်းကျင်တစ်ခုမှာ ကျွန်တော်တို့ထက် စောလျင်စွာ ရောက်ရှိခဲ့လို့ skill ရှိနေပြီးတာဟာ ထူးခြားမှုမဟုတ်ပါဘူး။ ဒါတွေကို ကျွန်တော်တို့လည်း လေ့ကျင့်သင်ယူပြီး သိခဲ့နားလည်ခဲ့တာတွေနဲ့ ပေါင်းစပ်လို့ ပိုမို ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမှာပါ။ ဒီလိုနည်းအားဖြင့်ပဲ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုး လာခဲ့ရတာပါ။

ဒါပေမယ့် လူတော်တော်များများဟာ မေ့တတ်ပါတယ်။ ကိုယ်တိုင်ဖြတ်သန်းစဉ်က ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကို အခြေအနေတစ်ရပ်ကို ဖြတ်ကျော်လွန်မြောက် သွားတဲ့အခါ မေ့လျော့သွားပြီး၊ နောက်ကလိုက်လာတဲ့ သူတွေ အပေါ် စိတ်ရှည်သည်းခံနိုင်မှု အားနည်းလေ့ရှိပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။

တစ်ချို့ကတော့ တွန့်တိုတဲ့သဘောရှိတယ်လို့ ထင်ပါတယ်။ ကိုယ်သိရှိနားလည်ခဲ့တဲ့ အတွေ့အကြုံကို လျှို့ဝှက် ထားလေ့ရှိပါတယ်။ ကျွန်တော် မြင်တာကတော့ အတွေ့အကြုံဆိုတာ လက်ဆင့်ကမ်းပြီး ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်ဖို့ပါ။ လျှို့ဝှက်ထားခြင်းအားဖြင့် ဘယ်သူ့အတွက်မှ အကျိုးကျေးဇူး ဖြစ်ထွန်း လေ့မရှိပါဘူး။

ခြုံပြောရရင် လက်တွေဘ၀မှာ မျှော်လင့်သလို ဖြစ်မလာတဲ့ အခြေအနေ တစ်ရပ်ကြောင့် ကျောင်းတက်နေတာ အလကားပါ ဆိုတဲ့ အမြင်မှား အတွေးမှားမျိုး မဖြစ်စေချင်ပါဘူး။ ကျောင်းတော်က သင်ပေးလိုက်တာ concept ပါ။ technique ကိုတော့ လက်တွေ့ဘ၀မှာ သင်ယူရမှာပါ။ ကျွန်တော်ဘာသာ တွေးမိတဲ့ညီမျှခြင်းလေး တစ်ခုကို တင်ပြချင်ပါတယ်။

Developer = theoretical and conceptual skill + technical skill

အဲဒီ skill နှစ်ခုကို အချိုးညီညီ ပေါင်းစပ်ထားနိုင်မှသာ ကျွန်တော်တို့တွေ ပြောပြောနေကြတဲ့ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ အနာဂတ်နိုင်ငံတော်သစ် ဆိုတာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်တွေးမိတာကို တင်ပြ လိုက်ရပါတယ်။

2 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. တကယ်ကောင်းတဲ့ ပိုစ့်လေးပါ ၊၊ သဘောကျတယ်ဗျာ ၊၊ နောက်ပိုင်းလည်း ဖတ်လို့ရအောင် လင့်ထားလိုက်ပါတယ် ခင်ဗျာ၊၊
    ပျော်ရွှင်ပါစေ

    ReplyDelete
  2. တကယ်ကို ထိမိပါတယ်ဗျာ...
    ကျောင်းတော်ကြီးရဲ့ ပညာတွေကို ဇဝေဇဝါဖြစ်နေသူတွေကို ရှင်းသွားစေပါတယ်..အားပေးနေမယ်နော်

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1