မီးတွေ ပျက်သည်။ ပိုးစိုး ပက်စက်ပျက်သည်။ လူတွေပြောလို့ မောရင် ရပ်သွားလိမ့်မယ်။ မိုနိုပိုလီပဲ။ ဘာလုပ်နိုင်တာ မှတ်လို့။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ပေါ့။ အင်း.... လျှပ်စစ်စွမ်းအား ခေတ်ကျော်လွှား။ 
တစ်ယောက်ကရေးသည်။ ခံစားဖို့ အတွက်ပေါ့။ တစ်ယောက်ကကြိုက်သည်။ ပြီးတော့ကူးသည်။ forward လုပ်သည်။ ရေးသူကပြောတော့ မဆိုင်တာတွေ comment ပေးလာတော့၏။ ဘယ်သူသိတာမှတ်လို့ ငါဝင်ပြောလဲ ရတာပဲ ဆိုသည့်အထာမျိုးနှင့် နဲနဲ တွင်ကျယ်ပြ၏။ အင်းဒါလည်းတစ်မျိုးပေါ့ ...။ နာမည်ကြီးအောင်လုပ်နည်း၊ဘာမှမလုပ်တတ်တော့ ဒီလိုပဲ ကြုံသလို နေရာယူကြသည်။ အဲဒါ အင်တာနက်ခေတ်လား။
ကော်နက်ရှင်တွေကျသည်။ အထူးပြောစရာမလို..။ လူတိုင်းသိတယ်။ ဆရာမလုပ်နဲ့ အဲလိုပြောမလား အင်း...... နဲနဲတော့ ပြောခွင့်ပြုဗျာ။ ခါတိုင်းထက်ပိုကျတာပါ။ ဒါလည်းသိတယ်....။ ဒီလောက်ရတာပဲ ကျေနပ်။ အော်..ဟုတ် ကဲ့ခင်ဗျာ။
ဖဲသုံးချပ်ပြီးတော့ အနီအစိမ်းဝိုင်းတွေ ခေတ်ထလာပြန်။ အဲဒါကဘာလဲ ဘာလုပ်တာလဲ။ ဟုတ်ကဲ့ မျက်စိ လှည့်ပြီး လူတွေဆီက ပိုက်ဆံကို လိမ်ယူတာပါ။ လောင်းကစားပဲပေါ့။ ဟေ့...ရမ်းသန်းမပြောနဲ့ ဟိုတစ်လောက ဂျာနယ်မှာ ပါတယ်။ မတွေ့ဘူးလား။ ဘယ်လောင်းကစားမှ လက်မခံဘူး။ မြို့တော်ကွ... ဘာမှတ်နေလဲ.. ။ ဘာမှမမှတ်ပါ ခင်ဗျာ။ အခုလုပ်နေတာ မြောင်းမြမှာလေ...။ မယုံဘူးလား သွားကြည့် လူစည်ကားတဲ့ နေရာတိုင်းမှာ အဲဒီဝိုင်းတွေ ရှိတယ်။ ဖြတ်သွားတဲ့ လူတိုင်းကို အနုကြမ်းစီးနေသည့်အလား....။

ပေါက်ကွဲလှချီလား ကျောင်းဆရာအကို
ردحذفအမှန်တွေသိပ်မရေးနဲ့နော်
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့