အမေရေ... ကြာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော် သတိရနေသေးတယ်။
ဒီ . . . အဆောက်အဦးကြီးကြားမှာ ကျွန်တော်တို့ စာသင်ခန်းတွေ မျက်စိလည်ခဲ့ဘူးတယ်။ အမေ မှတ်မိလား အဲဒီတုန်းကတော့ ကျွန်တော်တို့တွေ ရောက်ခါစလေ... L-1 ကနေ့ L-8 ဆိုတဲ့ lecture room တွေကို မျက်စိလည် ပြီး ရှာမတွေးဘူးအမေ . . ။ ဒါပေမယ့် အခက်အခဲတွေ့လာရင် ကူညီဖို့တတ်တဲ့ အမေ့ရင်သွေးတွေရဲ့ အစဉ်အလာ အတိုင်း ကျွန်တော်တို့ရဲ့ နောင်တော်တွေက သေသေချာရှင်းပြပေးခဲ့တော့ မမေးရဲတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်တော်က လူတတ်ကြီးပေါ့။
အမေရေ . . . ကျွန်တော်တို့လို့ နယ်ကလာရသူတွေ အတွက် အဆောင်နဲ့ ကျောင်းက လိုင်းကားပဲ စီးနိုင်တာပေါ့။ ကိုယ်ကားကိုယ်မောင်း ကျောက်တက်သူတွေ ၀င်လာတတ်တဲ့ ဒီနေရာလေးကို ကျွန်တော်တို့က သူဌေးဂိတ်လို့ နာမည် ပေးထားတာ အမေသိရင် ပြုံးနေမလားပဲ။
အမေ....ညနေကျောင်းဆင်းရင် အဆောင်တန်းမပြန်ပဲ တခါတလေ နွေအေး၊ တခါတလေ မေတ္တာ ပေါင်းကူးမှာ ထိုင်လို့ ... တစ်ခါတလေတော့ ဒီကုက္ကိုပင်ကြီးအောက်က ကြံရည်ဆိုင်မှာလေ... ကျွန်တော်တို့ သူငယ်ချင်းတစ်စု စကားကြီး စကားကျယ်တွေပြော လေတွေကန် အချိန်တွေဖြုန်း ခဲ့ကြာတာပေါ့။
အမေရေ . . . ဒီနေရာကတော့ ကျွန်တော်တို့ တတွေ ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ နေရာပဲလေ...။ ဘယ်သူက အစပြုခဲ့တယ် မသိပေမယ့် အစဉ်အလာဆိုရင် အမြဲလိုက်နာတတ်တဲ့ ကျွန်တော်တို့တတွေ အတွက် ဒီလမ်း ကလေးက ပျော်စရာတစ်ခုပဲ အမေ။ ဒီလမ်းကို ဖြတ်လျှောက်ခဲ့ရင် ကလေးအစ၊ ခွေးပါမကျန် စာမေးပွဲဖြေနေချိန် တောင် အားလုံးဝိုင်းပြီး လက်ခုပ်တီး သြဘာပေးကြလွန်းလို့ သြဘာလမ်း ရယ်လို့ အမည်တွင်ခဲ့တယ်လေ။ တစ်ချို့ကတော့ ပိုက်ဆံပြတ်ရင် အလောင်းအစား လုပ်ပြီး ဒီလမ်းကို ဖြတ်လျှောက်ကြလွန်းလို့ ပါချုပ်ကြီးက ဖြတ်သန်းသွားလာခွင့်မပြု လို့ ဆိုင်ဘုတ်ရေးပြီး တားခဲ့ရတဲ့အထိ ကျွန်တော်တို့တွေ ဆိုးခဲ့ကြတာလေ။
အမေရေ . . .ကြာခဲ့ပါပြီ။ ပြောရရင်ဆယ်စုနှစ် တစ်ခုတောင်ကျော်ခဲ့ပြီပေါ့ ...။ အမေ့ရင်ခွင်က ကျွန်တော်တို့ ထွက်ခွာလာခဲ့ကြတာ။ ဒါပေမယ့် အမေ... သိတယ်မို့လား အမေ့သားတွေပဲလေ။ ဘယ်တုန်းက ညံ့ခဲဘူးလဲ။ ရောက်တဲ့နေရာမှာ အမြဲခေါင်းမော့ ရင်ကော့နိုင်ခဲ့တာပေါ့။ အမေရေ... အမေ့သားတွေသမိုင်း မရိုင်းခဲ့ပါဘူး။ အခါအခွင့်သင့်ရင် အမေ့ရင်သွေးတွေ အမေရင်ခွင်ဆီကို အလည်တစ်ခေါက် ပြန်လာချင်ပါသေးတယ်။
ဒီ post လေးဖြင့် ဝေးကွားနေသော သူငယ်ချင်များကို သတိတရ မှတ်တမ်းတင်ပါသည်။
ကျွန်တော့်ရဲ့ အခန်းဖေါ် အရှည်ကြီး၊ လေလုံးထွားသလောက် စာမေးပွဲနီးရင် မျက်ကလဲဆန်ပြာ ဖြစ်တတ်သော spade-1, ဆရာကြီးစတိုင် အမြဲဂိုက်ပေးတတ်သော ထန်းတပင်၊ ညက်ညက်နှင့် အမြဲ ကျူတတ်သော ကျိုက်မရော နှင့် ခင်မင်ခဲ့ရသော သူငယ်ချင်း အားလုံးသို့ အမှတ်တရ.....

အင်း.. ကိုယ်တိုင် မရောက်ဖူးပေမယ့် .. ငယ်ငယ်က အားကျခဲ့တဲ့ နေရာတစ်ခုပါ... ဒီပို့နဲ့အတူ .. ဂုက်ဒြပ်များ ပေါ်လွင်နေတယ်။ အခြေနေတစ်ခုကိုလဲ ဖေါ်ပြနိုင်တယ်။ ပို့စ်ကောင်းတစ်ခုပါပဲ။
ردحذفအင်း အဲလို လွမ်းစရာ ရှိချင်လိုက်တာ။
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့