အကောင်များနှင့်တွေ့ခဲ့သည်




တလောဆီက စကားဝိုင်းတစ်ခုမှာ ပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့ခဲ့သည်။ ထိုသူက “ ငါ့ကိုဘာမှတ်နေလည်း၊ ငါက အကောင်ကွ” ဟုဆိုကာ သွားဖြဲပြလေသည်။ ထို့နောက် အစွယ်ထုတ်ပြပြန်သည်။ အစွယ်က တဖွေးဖွေး၊ သွားရည်က တမြားမြား။ ကျွန်တော် အလွန်အံ့သြသွားခဲ့သည်။ သြော်... ငါကလူထင်ခဲ့တာ၊ အခုတော့ အကောင်ဖြစ် နေတာကိုး။ တွေးမိလျှက် ဘာမှဆက်မပြောခဲ့တော့။ အကောင်ဆိုမှတော့ ကျွန်တော့်စကား ကိုလည်း နားလည်မှာ မဟုတ်ဘူးလေ။ ကျွန်တော်ပြန်ထလာခဲ့ရာ တဂီးဂီး..တဂဲဂဲ မန်ဖီဟိန်းဟောက် နေပြန်သည်။

ကျွန်တော်လည်းပြန်ထွက်လာခဲ့ရင်း အကောင်များအတွက် ဂုဏ်ပြုကဗျာတစ်ပုဒ်ကို ပြန်လည်စဉ်းစားမိခဲ့သည်။ မာန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ လေးဆစ်ကဗျာလေးပါ။

အကောင်များအတွက် ကဗျာတစ်ပုဒ်


ပြစ်မရှိပြစ်ရှာ
လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်

ထွန်းလျှက်ပင်သာ။


မြရွှေဂူပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်နဲ
ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ်

ရှေးကထက်ကဲ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1