သုံးလို့ကောင်းမယ့် software တစ်ခုလို့ မြင်မိပါတယ်။ Freeware တစ်ခုပါ။ Dictionary တစ်ခု အဖြစ် အသုံးချ နိုင်သလို Online Word Search တစ်ခုအနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ WordWeb, Wikipedia, Wikitionary, WordWeb Online ဆိုပြီးတော့ လုပ်ဆောင်ချက် လေးမျိုးပါဝင်ပါတယ်။

ဒါပေမယ့် WordWeb တစ်ခုထဲသာလျှင် off-line အသုံးပြုနိုင်ပြီး၊ ကျန်တဲ့ လုပ်ဆောင်ချက်တွေကတော့ internet connection ရှိမှသာလျှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ကျောင်းသားများအတွက် အလွန်အသုံးဝင် နိုင်ပါတယ်။ ဝေါဟာတစ်လုံးရဲ့ အဓိပ္ပါယ် သိဖို့ခက်ခဲနေပြီ ဆိုပါစို့။ WordWeb မှာရိုက်ပြီး dictionary အဖြစ် ရှာဖွေနိုင်ပါတယ်။ ဒီထက်ပိုကျယ်ပြန်တဲ့ စကားလုံးရဲ့ သမိုင်းကြောင်း အခြားအသုံးပြုပုံများ အစရှိသည်တို့ကို ရှာဖွေပေးနိုင်ဖို့ Wikipedia, Wikitionary နဲ့ WordWeb Online တို့ကို သုံးပြီးရှာဖွေ လေ့လာနိုင်ပါသေးတယ်။ (အင်တာနက် connection ရှိခဲ့ရင်ပေါ့)၊
အင်တာနက်ရှိမှတော့ သူလိုသေးလို့လား တစ်ခြားရှာလို့ရတဲ့ နေရာတွေ ရှိတာပဲလို့ ပြောမယ်ဆိုလည်း ပြောပေါ့လေ။ ဒါပေမယ့် ကိုယ်သိချင်တဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်နဲ့ အသုံးပြုပုံ ပြည့်ပြည့်စုံစုံကို အချိန်တိုအတွင်း ရှာပေးနိုင်တာ ကတော့ သူ့ရဲ့ အားသာချက်လို့ ဆိုရမှာပေါ့။ စာရေးစာဖတ်တဲ့အခါ၊ စာတမ်းပြုစုဖို့ အချက်အလက်တွေ ရှာတဲ့အခါ အသုံးဝင်နိုင်ပါကြောင်း လက်ဆင့်ကမ်းလိုက်ပါတယ်။
သုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ download ချနိုင်ပါတယ်။ 17.8 MB ပမာဏပဲ ရှိပါတယ်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့