blogger က သူရဲ့ WYSIWYG editor ကို အသစ်ပြင်ထားပါတယ်။ ဘယ်တုန်းက ပြင်လိုက်သလဲတော့ မသိဘူး ကျွန်တော်လည်း အခုမှသိလို့ အခုမှ ရေးလိုက်မိတယ်။ features အသစ်လေးတွေ ပါဝင်လာပါတယ်။ ဥပမာ အရင်တုန်းက read more function မရှိပါဘူး။ Template မှာ ပြင်ယူရပါတယ်။
အခုတော့ editor ပေါ်မှာတင် ပေါင်းထည့်ပေးလိုက်တဲ့ အတွက် တော်တော် အဆင်ပြေသွားပါတယ်။ ကျွန်တော်တို့ တစ်ခါတရံ post တွေ အရမ်းရှည်သွားတဲ့ အခါ အကုန်လုံးကို ဖေါ်ပြရင် စာဖတ်သူကို အမြင်ရှုပ်စေတယ်။ စိတ်ဝင်စားမှ ဆက်ဖတ်ရင် ဖတ်ပေါ့။
အဲဒီလို preview လောက်ပဲ ပေးချင်ရင် အခု insert jump break icon လေးကို နှိပ်လိုက်ရင် editor ပေါ်မှာ line လေးတစ်ကြောင်း ကြလာပါလိမ့်မယ်။ အဲဒီ line လေးရဲ့ အထက်မှာ ကိုယ်ပြောချင်သလောက် preview ကိုရေး၊ ကျန်တာကို လိုင်းလေးရဲ့ အောက်မှာ ဆက်ရေး .. ဒါဆိုရင် page ပေါ်မှာ ကိုယ် preview ပေးသလောက်ပဲ မြင်ရပြီး စာဖတ်သူက ဆက်ဖတ်ချင်မှ read more ကို click လိုက်ရုံပါပဲ။ ကျွန်တော့် လက်ရှိ template မှာတော့ read more link ပျောက်နေတယ်။ နောက် template တစ်ခုနဲ့ စမ်းကြည့်တော့ အဆင်ပြေတယ်။ template နဲ့ ဆိုင်မယ် ထင်တယ်။ ကျွန်တော်လည်း အသေအချာ မသိသေးဘူး။
image uploading ပုံစံကလည်း editor အဟောင်းနဲ့ မတူတော့ပဲ loading တော်တော်မြန်သွားပါတယ်။ small, medium, large နဲ့ original size ဆိုပြီး option လေးခု ရွေးလို့ရပါတယ်။ resizing လုပ်မယ်ဆိုရင် image ပေါ်မှာ double click လုပ်လိုက်ရမှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ image position ကို အရင်တုန်းကလို ကြိုတင်ရွေးချယ်ဖို့ မလိုပဲ editor ပေါ်ရောက်လာမှ left, right, center ရွေးပေးရုံပဲ။
post editor က ဟိုတုန်းကလို အသေမဟုတ်တော့ပဲ Vertical resizing လုပ်လို့ရပါတယ်။ Label ရေးတဲ့ box လေးရဲ့ ထောင့်မှာ resizing icon လေးကို drag လုပ်လိုက်ရင်ရပါပြီ။
ကျန်တာတွေကတော့ လုပ်ကြည့်လိုက်ရင် သိသွားမှာ ဆိုတော့ ရေးစရာ မလိုတော့ပါဘူး။ editor အသစ်ကို ဘယ်လို upgrade လုပ်ရမလဲဆိုရင်တော့ Dashboard>Setting>Basic Tab>Global setting>Select post editor မှာ Updated editor လေးကို check လုပ်လိုက်ရင် ရပါပြီ။ အရင် အဟောင်းပဲ သုံးချင်တယ်။ အဲဒါနဲ့ပဲ friendly ဖြစ်တယ်ဆိုရင်တော့ လက်ရှိအတိုင်း ဘာမှမပြင်ပဲ သုံးလို့ ရပါတယ်။ အသစ်စမ်းချင်သူများ အတွက်ပေါ့။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့