ကလေးငယ်များ အနာဂါတ်အတွက် တတ်အားသရွေ့ ပါဝင်ကူညီ ပေးစေချင်


ပြည်ပက ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ဆီကို mail တစ်စောင် forward လုပ်ပါတယ်။ အောက်ပါအတိုင်း ပါဝင်ပါတယ်။

ပညာဆက်လက်သင်ကြားရန် နှင့်ကျောင်းရေရှည် ဆက်လက်တည်တံ့နိုင်စေရန် အခက်ခဲများ ရှိနေပါ သဖြင့် ဒကာတော်တို့ အဆင်ပြေမယ် ဆိုလျှင်ပညာပါရမီ ဖြည့်ဆည်း ပေးသောအားဖြင့် လှူဒါန်းကူညီ် စေလိုပါသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နယ် အုန်းပေါက်ကျေးရွာ။
ကျောင်းဦးဆောင်သူ- ဆရာတော် ဦးသီလာနန္ဒ
ကျောင်းနာမည်- " ပညာပါရမီ" ရေလည်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်း


အဲဒီလို ဘုန်းတော်ကြီးကျောင်း ပညာရေးများအတွက် အမှန်တကယ် လိုအပ်နေသည်များကို အမှန်တကယ် ကူညီနေသူလည်း ဖြစ်ပါတယ်။ သူအနေနဲ့ အထက်ပါ အကူအညီ တောင်းခံမှုအတွက် ကူညီပေးလိုပါတယ်။ ဒါပေမယ့် ပိုပြီးတိကျတဲ့ သတင်းအချက် အလက်တွေ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းကိုဆက်သွယ်လို့ ရမဲ့ဖုန်းနံပတ်ဖြစ်ဖြစ် ၊ ဆက်သွယ်ပေးနိုင်မဲ့ လူဖြစ်ဖြစ် လိုချင်တယ်။ ကြားထဲက လူတစ်ယောက်က ပြောပြထားလို့ အကြောင်းအရာ အကုန်သိထားပေမဲ့ တိတိကျကျ သေချာအောင် စုံစမ်း ချင်လို့ ပါ။ လို့ဆိုပါတယ်။

ဒါကြောင့် အထက်ပါ ဘုန်းတော်ကြီးကျောင်းရဲ့ လိုအပ်ချက်များကို မှန်ကန်တိကျစွာ ဆက်သွယ်ပေးမယ့် သူများကျွန်တော့် ဘလော့ကို ဖတ်မိခဲ့ရင် ဆက်သွယ်ပေးပါလို့ ထပ်ဆင့်အကူအညီ တောင်းခံပါရစေ။ လှူးဒါန်းရန် အဆင်သင့်ရှိပါတယ်လို့ ကျွန်တော်မိတ်ဆွေက ပြောပါတယ်။ ဒါပေမယ့် လိုအပ်သူလက်ထဲကို အမှန်တကယ် လှူဒါန်းမှုမျိုးပဲ ဖြစ်ချင်တာကြောင့် အခုလိုတိကျတဲ့ အချက်အလက်တွေ တောင်းခံရခြင်း ဖြစ်ပါတယ်။ ကလေးငယ်များရဲ့ ပညာရေးအတွက် ၀ိုင်းဝန်းကူညီ ပေးကြပါ ခင်ဗျာ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1