
ဂိုးတွေ အပြိုင်သွင်းကြတယ်။ မန်ယူ-မန်စီတီးရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲပါ။ ပွဲစစချင်း 2 မိနစ်မှာ ရွန်းနီက အဖွင့်ဂိုးသွင်းတယ်။
16 မိနစ်ရောက်တော့ ဖော်စတာ၊ ဖာဒီနန်တို့ အမှားကို တိဗက်စ်က အခွင့်အရေး အရယူပြီး ဘယ်ရီက ချေပခဲ့တယ်။ ပထမပိုင်း 1-1။ ဒုတိယပိုင်း ပြန်စတော့ ဖလက်ချာ ဒုတိယ ဂိုးသွင်းပြန်ရော...။ မကြာပါဘူး။ ဘယ်လာမီက 25 ကိုက်အကွာကနေ အပြင်းကန်သွင်း ချေပလိုက်ပြန်တယ်။
ဘယ်လာမီသွင်းတဲ့ဂိုး သိပ်လှတယ်။ ဘာဘာတော့ဗ် ကတော့ goal luck မရှိဘူး ပြောရမလားပဲ။ အပိုင်သွင်းခွင့်တွေ ရခဲ့ပေမယ့်၊ ရှေးဂစ်ဗင် လက်စွမ်းပြနိုင်ခဲ့တယ်။ သူသွင်းတိုင်းသာ ၀င်ခဲ့မယ်ဆိုရင်တော့ ဂိုးတွေ တော်တော်ပြတ်မှာပဲ။
မန်စီတီး ကစားအားချပြီး၊ သရေရဖို့ ကြိုးစားတယ်။ မန်ယူ တရကြမ်းတိုက်ရာက ဖလက်ချာပဲ မန်ယူအတွက် သုံးလုံးမြောက် ဂိုးကို သွင်းလိုက်တယ်။ ပွဲပြီးဖို့ 10 မိနစ်ကျော် လိုသေးတယ်။ မန်ယူ အနိုင်ဂိုးရရင် ကစားအားချ၊ ပေါ့ဆတယ်။ မန်စီတီးက ကစားအားကျနေပြီ။ ဘယ်လာမီ တစ်ယောက်ပဲ ထိန်းရမယ်လို့ တွေးနေတုန်း ဖာဒီနန် ပေါ့ဆမှုကို ဘယ်လာမီက ဂိုးအဖြစ် ပြောင်းပေးလိုက်ပြန်တယ်။
သွားပြီ။ သရေနဲ့ အဆုံးသတ်တော့မယ်လို့ ထင်နေရာက အချိန်ပိုမှာ အိုဝင်က 95မိနစ်မှာ အနိုင်ဂိုး သွင်းပေး လိုက်တယ်။ အိုဝင် သမ္ဘာရှိကြောင်း ပြသသွားတဲ့ ဂိုးပဲ။ ဒါပေမယ့် အချိန်ပို ထောင်ထားတာက လေးမိနစ်၊ အိုဝင် သွင်းတော့၊ ငါးမိနစ်ကျော်နေပြီ။ မန်စီတီးနည်းပြ မာ့က်ဟုခ်ျ တင်းသွားပြီ။ တင်းစရာပါပဲ။ ဘာလို့ပေးတာလဲ။ အိမ်ရှင်မို့ မျက်နှာသာပေးတာလား၊ မန်ယူမို့ ဦးစားပေးတာလား၊ ဖာဂူဆန်ဆိုရင် ဒီလိုလား။ မန်ယူကို မကြိုက်တဲ့ သူတွေ မေးချင်ကြမယ့် စကားပေါ့။ ဘာပဲဖြစ်ဖြစ် ပေးသင့်လို့ ပေးတာပေါ့ဗျာ။ မဟုတ်ဘူးလား။ 
မြန်မာအားကစားကလောင်ရှင် ဦးခင်မောင်ထွေးလဲ တင်းနေလောက်ပြီ။ ဂျာနယ်လစ်တွေ အားလုံးက မန်ယူ အနိုင်နဲ့ သရေပဲလို့ ခန့်မှန်းနေချိန်မှာ၊ သူက မန်ယူရှုံးမှာပါတဲ့။ ဒိုင်ရဲ့ မျက်နှာသာပေးမှုကြောင့် အနိုင်ရတာပါလို့ ရေးဦးမလား တော့မသိ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မန်ယူကတော့ နိုင်သွားပြန်ပြီ။ မြို့ခံပြိုင်ဘက်ချင်း နိုင်လိုက်လို့ ပိုပြီးကျေနပ် မိတယ်။ ပြီးတော့မရှုံးသေးပါဆိုတဲ့ အာဆင်နယ်၊ စပါး၊ မန်စီးတီး အားလုံးကို ဖြိုချလိုက်နိုင်ပြီ။ ချဲလ်ဆီး တစ်သင်းပဲ ကျန်တော့တယ်။ ချဲလ်ဆီးကလည်း နိုင်ပွဲဆက်လို့ ကောင်းတုန်း။ မန်ယူနဲ့တွေ့ရင် ဘယ်လို ဖြစ်မလဲ။ စောင့်ကြည့် ရမှာပေါ့။






ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မန်ယူကတော့ နိုင်သွားပြန်ပြီ။ မြို့ခံပြိုင်ဘက်ချင်း နိုင်လိုက်လို့ ပိုပြီးကျေနပ် မိတယ်။ ပြီးတော့မရှုံးသေးပါဆိုတဲ့ အာဆင်နယ်၊ စပါး၊ မန်စီးတီး အားလုံးကို ဖြိုချလိုက်နိုင်ပြီ။ ချဲလ်ဆီး တစ်သင်းပဲ ကျန်တော့တယ်။ ချဲလ်ဆီးကလည်း နိုင်ပွဲဆက်လို့ ကောင်းတုန်း။ မန်ယူနဲ့တွေ့ရင် ဘယ်လို ဖြစ်မလဲ။ စောင့်ကြည့် ရမှာပေါ့။
မှတ်ချက်။ ။ မန်ယူမှာ သမ္ဘာရှိတယ်ဗျ။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့