အခုရက်ပိုင်း joomla မှာ အချိန်တွေ ကုန်နေတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းတာကိုး။ joomla ကို install လုပ်ခွင့် ပေးထားတဲ့ byethost မှာစမ်းကြည့်တယ်။ CMS software တွေ တော်တော်များများကို ထည့်ပေး ထားတယ်။ Wordpress, Joomla, Ruby Rail စသဖြင့် တော်တော်များများ ပါပဲ။ ခက်တာက ကျွန်တော်တို့ဒီက register လုပ်လို့မလွယ် တာပဲ။ ကျွန်တော်ကတော့ သူငယ်ချင်းရဲ့ အကူအညီနဲ့ အလကားရတဲ့ ဆိုက်လေး တစ်ခုကို စမ်းကြည့်နေပါတယ်။ ဒီနေရာ မှာပါ။
သူရဲ့ အားသာချက်တွေ ကျွန်တော် နားလည် သလောက် ပြောရရင် ဘလော့ မှာ page ဆိုတာမရှိဘူး သူမှာ page တွေခွဲလို့ရတယ်။ blog မှာ static home page မရှဘူး။ သူ့မှာ ကိုယ်ပြောချင် တာ၊ ဦးစားပေးချင်တာကို Home Page မှာ တင်ပြလို့ရတယ်။ Blog မှာ ခေါ်တဲ့ widget တို့ gadget ဆိုတာတွေကို သူ့မှာ modules လို့ ခေါ်တယ်။ ဘလော့မှာ lable အောက်မှာ post ရှိတယ်။ joomla မှာ Section အောက်မှာ Cartegory၊ Cartegory အောက်မှာ မှ Article(Post) ကိုရေးလို့ရတယ်။
Blog မှာ user alias ပြောင်းချင်ရင် accout ခွဲရေးရတယ်။ joomla မှာတော့ alias ကို တစ်ခါ တည်း ပြောပေးနိုင်တယ်။ Blog မှာ Forum ကိုတခြားမှာ ဆောက်ပြီး Link ပဲချိတ်ပေးနိုင်တယ်။ joomla မှာတော့ သူဆိုက်မှာ component တစ်ခု အနေနဲ့ ချိတ်ဆက် ထားနိုင်တယ်။ ဘလော့က file host(FTP) မရဘူး။ သူကတော့ site builder ဖြစ်လို့ FTP သုံးနိုင်တယ်။ ဒါ့ကြောင့် Blog မှာ EOT အတွက် တစ်ခြားမှာ ချိတ်ရတယ်။ သူမှာကတော့ Folder အသစ် ထည့်ပြီး Template CSS မှာ coding ထည့်လိုက်ရုံပဲ။
Blog မှာ template ကို XML ဖိုင်၊ HTML text ဖိုင်နဲ့ ပြောင်းနိုင်တယ်။ joomla မှာတော့ zip ဖိုင်နဲ့ upload လုပ်ရတယ်။ template, plugin, component, module အားလုံးကို zip ဖိုင်အနေနဲ့ upload လုပ်ရတယ်။ ကိုယ်ထည့်ချင်တဲ့ အကြောင်းအရာအလိုက် module တွေ ထည့်ပေးရတယ်။ လောလောဆယ် သိသလောက်ပါပဲ။
နောက်သိတာတွေ ဆက်ရေးပါဦးမယ်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့