Blog Spot မှာ Static Home Page ဖန်းတီးကြည့်ခြင်း

ကျွန်တော်တို့ရဲ့ blog-spot ဆိုတာလဲ CMS တစ်ခုလို့ပဲ ဆိုရပါမယ်။ ဒါပေမယ့်သူက Website မဟုတ်ဘူး။ ဒါ့ကြောင့် သူမှာ page ဆိုတာမရှိဘူး။ page တွေခွဲဖို့ CSS တွေ HTML တွေပြင်တတ်ရင်တော့ မပြောတတ်ဘူး။ Page ခွဲလို့ရတာ၊ မရတာက အရေးမကြီးဘူး။ ဒါပေမယ့် တစ်ချို့က Static Home Page လေးလုပ်ချင်ကြတယ်။

လူအလို နတ်မလိုက်နိုင်ဆိုတာ ဒါပဲလားမသိ။ Static Page တွေကြည့်တဲ့အခါ upgrade မလုပ်လို့ ပြောကြတယ်။ Dynamic Blog တွေကို fronted page လေးလုပ်ချင်ပြန်တယ်။ အခုရက်ပိုင်း Joomla ကိုလေ့လာကြည့်တော့ အဒီလို နှစ်မျိုးစလုံး အလွယ်တစ်ကူ လုပ်နိုင်တဲ့ Features တွေ အများကြီးထည့်ပေးထားတာ တွေ့ရတယ်။ Template Resolution က ကျစ်လစ်တော့ Flash Page တွေလားထင်ရလောက်အောင် လှတယ်။ စိတ်ဝင်စားဖို့ လဲ ကောင်းတယ်။ ဒါပေမယ့် သူရဲ့အားနည်းချက်က Hosting လိုတယ်။ Free Host တွေတော့ ရှိပါတယ်။ ဒါပေမယ့် FTP လုပ်ဖို့ခက်ပြန်ရော။ Bytehost မှာတော့ joomla ကို support လုပ်ပေးတယ်။ ဒါပေမဲ့ Php တွေ ပြင်ရတယ်ဆိုတော့ လုပ်တတ်ပြန်ဘူး။ ပြီးတော့ အကောင့်လဲ ယူလို့မရဘူး။ Blog spot ကတော့ ကိုယ်တိုင် host လုပ်ပေးတော့ မလိုဘူးပေါ့ဗျာ။

စဉ်းစားမိတာက အဲဒီလို Static Home Page အသွင်ပြောင်းဖို့ Blog Spot မှာမရနိုင်ဘူးလား။ ခက်တာက ဘာ Web Language ကိုမှ မသိတာ။ ဒီတော့တစ်မျိုး စဉ်စားမိတယ်ဗျ။ ပေးထားတဲ့ Defult တွေကိုပဲ သုံးပြီး Fronted page လုပ်ကြည့်မယ်ဆိုပြီး ဒီဆိုက်လေးကို ပြင်ကြည့်တယ်။ မဆိုးဘူးလို့ထင်တာပဲ။ ဒီဇိုင်းတွေ ထွင်နိုင်ရင် ပိုပြီးတော့လှမယ်။ စိတ်ဝင်စားရင်း စမ်းကြည့်ပါ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1