
မနေ့က ရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်။ ရုပ်၇ှင်ထဲမှာ မင်းသားက မင်းသမီးနဲ့ နှစ်ယေက်ထဲ ရုပ်ရှင် ကြည့်ချင် လို့တဲ့ လက်မှတ်တွေ အားလုံး ၀ယ်လိုက်တယ်။ မင်းသမီးက တခြားလူတွေ ကြည့်ခွင့် မရအောင် ဘာကြောင့် လုပ်ရတာလဲ။ ကိုယ်ရဲ့ ကြွယ်ဝမှုအတွက် ကျန်တဲ့သူတွေရဲ့ အခွင့်အရေးကို လုမယူ သင့်ဘူးတဲ့။ အဲဒီတော့ မင်းသားက ပြောတယ် ချမ်းသာတာ ရာဇ၀တ်မှုမှ မဟုတ်တာတဲ့။ မင်းနဲ့ကိုယ်အတွက် အကောင်းဆုံးဖြစ်အောင် ကိုယ်ပြင်ဆင်ခဲ့တာ မင်းမကျေနပ် ဘူးလားတဲ့။
ထားပါ...။ သူတို့ပြောတာ၊ အငြင်းပွားတာ မပြောလိုပါဘူး။ မင်းသားပြောသွားတာလေး ကြိုက်လို့ပါ။ ချမ်းသာတာ ရာဇ၀တ်မှု မဟုတ်ဘူးဆိုတာ။ မှန်တာပေါ့ဗျာ။ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ချမ်းသာတာ အပြစ်လား။ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်စဉ်းစားမိတာက ကုသိုလ်မရှိပဲ၊ ချမ်းသာခွင့်မရှိပဲ၊ ချမ်းသာအောင် လုပ်တာတော့ ရာဇ၀တ်မှုပဲဗျ။ ဂျက်ဆီဂျိမ်းမို့ ဘာမှမဖြစ်ဘူး၊ ဆိုရင်တောင် သံသရာမှာတော့ မကောင်းနိုင်ဘူး။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့