Zawgyi Myanmar Unicode 2009

မနေ့က ကိုစိုးမင်း အသစ်ပြင်ထားတဲ့ Zawgyi Myanmar Unicode 2009 ကိုစမ်းကြည့်ပါတယ်။ မူကွဲနေတဲ့ key တွေအားလုံးကို တစ်ခုတည်း ဖြစ်အောင်ပြင်လိုက်တဲ့ အတွက် font တစ်ခုအတွက် key တစ်ခုတည်းကို သုံးလို့ရသွားပါတယ်။ ဥပမာ အောက်မြစ်ဆိုရင် မူလဇော်ဂျီ font မှာ h, Shift+y, Shift+u ကို သုံးမျိုးက အခုဆိုရင် ဘာကိုပဲ သုံးသုံး ပုံစံတူသွားပါတယ်။ ဒါပေမယ့် မြန်မာစာ စာလုံးရေးသားပုံ အရကိုက သူတို့ရဲ့ တည်နေရာတွေက ကွဲပြားလေတော့ တစ်ချို့ စကားလုံးတွေမှာ စာလုံးအမြင် မမှန်တာ ဖြစ်နေပြန်တယ်။

ဥပမာ တို့၊ ရဲ့၊ ချို့ မှာရှိတဲ့ အောက်မြစ်တွေဟာ မူလစာလုံးမှာ Shift+Y, h နဲ့ Shift+u သုံးမျိုး သုံးရပါတယ်။ အသစ်ပြင်လိုက်တဲ့ ပုံစံမှာတော့ ဘာကိုသုံးသုံး အတူတူပဲ။ ဒါပေမယ့် ထွက်လာတဲ့ စာလုံးပုံစံမှာ တို့၊ ရဲ့၊ ချို့ ဆိုပြီးဖြစ်နေတယ်။ ရရစ်မှာလည်း မူလက ကြင်နာဆိုရင် ရရစ်ကို Shift+m, ကြီးထွားဆိုရင် Shift+b, ပြန်သွားဆိုရင် j, ပြီးဆုံးဆိုရင် Shift+n သုံးရပါတယ်။ ဒါတွေအားလုံးက Win လက်ကွက်နဲ့ အတူတူပါပဲ။

အသစ်ပြင်လိုက်တဲ့ font မှာတော့ key အားလုံးအတွက် (ြ -) ပဲဖြစ်နေတယ်။ ကြင်နာ၊ ကြီးထွား၊ ပြန်သွား၊ ပြီးဆုံးဆိုတော့ စာလုံးပုံစံ မမှန်တော့ဘူး ဖြစ်နေပြန်တယ်။ ရေးရတဲ့ စာလုံးပုံစံကိုလိုက်ပြီး key တစ်ခုတည်းကပဲ လိုက်ဖက်ညီတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ ဖြစ်နိုင်မဖြစ်နိုင်တော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်စမ်းကြည့်တဲ့ တွေ့ရှိမှုကို တင်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဖြစ်နိုင်သွားပြီ ဆိုရင်တော့ အရင်ဆုံး စဉ်းစားမိတာ မခင်ဦးမေရဲ့ blog ကိုဖတ်ရတာ ပိုပြီးအဆင်ပြေမှာ သေချာတယ်။ :P

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1