ကိုယ်အသဲအသန် ရှာဖွေလျှောက်လှမ်း လာတဲ့ ခရီးလမ်း တစ်ခု တစ်နေရာကို ရောက်တော့ ဒီနေရာမှာ လမ်းဆုံး ပါပြီ၊ ဒါမှမဟုတ် ဆက်သွားခွင့်မပြုပါဆိုရင် ဆိုရင် ဘယ်လို ခံစားရမလဲ။
ကိုယ်အားကြိုးမာန်တက် လျှောက်ခဲ့ပြီးမှ ဆက်သွားစရာ မရှိတော့ဘူးဆိုတာ စိတ်ပျက်စရာပါပဲ။ ဒီလိုပါပဲ အင်တာနက် ပေါ်မှာလဲ blog တစ်ခုပေါ်က user တစ်ယေက် ရှာလိုက်တဲ့ link တစ်ခုကို ဘယ်ကိုဦးတည် ပေးရမှန်း မသိတာကို search engine တွေက အလွန်မုန်းပေါ့။ ဒါကြောင့် ကိုယ့်ဘလော့ပေါ်က ပျက်ဆီး နေတဲ့ link (broken link) တွေ ရှိနေရင် လာရောက်ဖတ်တဲ့သူကော search engine တွေအတွက်ပါ စိတ်ပျက်စရာပါ။
ဒါပေမယ့် ဘယ် link တွေ ပျက်ဆီးနေလဲ ဆိုတာကိုတော့ တစ်ခုချင်း ပြန်ရှာဖို့ဆိုတာ လွယ်ပါ့မလား။ ဒီလို အခက်အခဲကို Broken Link Checker က ဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ့်ဘလော့ url ကိုသာ ထည့်ပေးလိုက်ပါ။ ပျက်ဆီးနေတဲ့ link တွေကို သူက ရှာပေးပါလိမ့်မယ်။
ကျွန်တော့် blog ကိုရှာကြည့်လိုက်တော့ တွေ့တာပေါ့ဗျာ အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်လည်း ပျင်းတာနဲ့ မဖြုတ် ဖြစ်သေးဘူးဗျ။ ဒီလိုနဲ့ဘယ်သူ့ကို ဆက်ဒုက္ခပေးရင် ကောင်းမလဲ စဉ်းစားလိုက်တော့ အခုတလော ကျွန်တော့် ဘလော့ကို နေ့တိုင်းလာဖတ်တဲ့ မခင်ဦးမေရဲ့ site ကို ရှာကြည့်လိုက်တော့ သုံးခုတွေ့တယ်ဗျ။ http://www.blogger.com/navbar.g?targetBlogID=1784586162008241874&blogName=kh... ဆိုတာရယ်၊ http://giga.ovh.org/rc နဲ့ http://www.fastwebcounter.com ဆိုတာတွေပါ။ ကဲ... မခင်ဦးမေ... ဘာတွေလဲတော့ မသိဘူး။ မရမှတော့ ဖြုတ်လိုက်တော့ဗျာ။ သုံးခုထဲပါ။

မေ့အပြစ်နဲ့မေသာ ရှိပါစေတော့မောင်ရေ............မောင်ရေယ...ယယယ
ردحذفဟားဟား.... လွန်တာရှိရင် ၀န္ဒာမိပါပဲ ခင်ဗျာ ..... :)
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့