အားလုံးတားနေကြတဲ့ကြားက မြောက်ကိုရီးယားကတော့ သူရဲ့ ဒုံးကြည်စမ်းသပ်မှုကို မနေ့ကပစ်လွှတ်ခဲ့ပါတယ်။ ဘယ်သူကိုမှ ဂရုမစိုက်ဘူး ဆိုတဲ့သဘောလားတော့ မသိ။ အင်းပေါ့လေ…. ပြောပြီးပြီဆိုတော့ ဖြစ်ကာမှဖြစ်ရော ပစ်ရတော့မှာပေါ့။ ဂျပန်ရဲ့တောင်းဆိုမှုကြောင့် ကုလသမ္မဂ္ဂ လုံခြုံရေးကောင်ဆီက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်တဲ့။ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ယခုထက် ပိုမိုတင်းကျပ်တော့လိမ့်မယ် လို့ပြောသံတွေလည်း ကြားရရဲ့။
မိနစ်(၈၀)ထိရှုးနိမ့်နေခဲ့ ပေမယ့် ၉၃ မိနစ်ရောက်တော့ အနိုင်ပြန်ရှာနိုင်ခဲ့တော့ အော်…မန်ယူဆိုတာ ဒါပဲကိုးလို့ သတိပြုလိုက်မိပါရဲ့။ Macheda လဲ face book မှာ သူငယ်ချင်း ၆၀၀ကျော် တောင်တိုးလာဆိုပဲ။
တနင်္လာနေ့က အီတလီမှာ ပြင်းထန်လှတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတဲ့ အတွက် လူပေါင်း ၉၀ကျော် သေဆုံးခဲ့ပြီး ၅၀,၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်တဲ့။ သြော် ကမ္ဘာ အနှံ့ကပ်ဘေးတွေလည်း ဘာကြောင့် ဒီလောက်ထူပြော လာရပါလိမ့်။


Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့